Part - 53 ( Zg + Uni)

Start from the beginning
                                    

" ဘိုးဘိုး..!! "

" ဗျာ့ မြေးမလေး.... ဘိုးဘိုး ကို ဘာပြောချင်လို့လဲ
...?? "

ဦးတိုးရှိန် ရဲ့ ပြန်ဖြေပုံလေးကြောင့် ဘေးက
မဟာ နဲ့ ​မေ​သွေးခြယ်​ တို့က ပြုံးလိုက်ကြ၏ ။
နောက်ပြီး ဦးတိုးရှိန် ကလည်း ဖြူလုံး ဆီကို
လျှောက်လာခဲ့သည်။

" ဘိုးဘိုး သမီးကို ဘိုးဘိုး အရမ်းချစ်လားဟင် "

အနားရောက်သွားမှ ဖြူလုံးလေး က သူ့ကို
မော့ကြည့်ပြီး မေးလိုက်တော့ ဦးတိုးရှိန် ပြုံးလိုက်
လေသည်။

" ချစ်တာပေါ့ ​မြေး​လေး... ဘိုးဘိုး ကမ္ဘာပေါ်မှာ
အချစ်ဆုံးက ဘိုးဘိုး သမီးလေးလေ "

" ဒါဆို ဘိုးဘိုး သမီးက ကံကောင်းလိုက်တာ...
ဖြူလုံးလေး ကတော့ ကံမကောင်းဘူး
ဖြူလုံး မေမေက ဖြူလုံး နဲ့ ဖေဖေ့ကို
ပစ်သွားတယ်လေ.... "

ဖြူလုံး စကားကြောင့် ဝဲမလိုဖြစ်သွားတဲ့ မျက်ရည်
ကို မေသွေးခြယ် လူမမြင်အောင် မနည်း
သုတ်လိုက်၏ ။

" ဘာမှ စိတ်မကောင်း မဖြစ်နဲ့ မြေးလေး....
မြေးလေး ကို မြေးလေး မေမေက မချစ်လည်း
ဘိုးဘိုး က ချစ်တယ်...မြေးလေး လိုချင်တာ
ရှိရင် ဘိုးဘိုး ကို ပူဆာ ...ဘိုးဘိုး
အကုန်ဝယ်ပေးမယ် "

ဆံပင်လေးကို ဖွကာ ပြောလိုက်သော ဦးတိုးရှိန်
ကို ဖြူလုံး ကြည့်ပြီး ပြုံးလိုက်၏ ။

" ဘိုးဘိုး က သိပ်သဘောကောင်းတာပဲ....
ဒါပေမဲ့ ဖြူလုံး မေမေကတော့ မကောင်းဘူး
သူ့က မကြာခင် တစ်ခြားယောက်ျား
တစ်ယောက် နဲ့ စေ့စပ်တော့မှာလေ "

" ဟင်..!! "

ဖြူလုံး စကား ကြားကြားချင်း ယိုင်လဲမလို ဖြစ်သွားတဲ့ ကိုယ်လေးကို မေသွေးခြယ် မနည်းထိန်း
လိုက်ရသည်။

" ဘယ်သူလဲ ဖြူလုံး... .နင့် အမေ့က
ဘယ်သူလဲ...?? နင် နင့် အမေကို
ရှာတွေ့သွားပြီလား..?? "

မူမမှန်တဲ့ မေသွေးခြယ် ကို မဟာ မကြည့်မိ၊
ဖြူလုံး စကားကြားကြားချင်းချင်း
ဖြူလုံး နား ရောက်လာကာ မေးနေလေသည်။

ဦးတိုးရှိန် မှာလည်း မဟာ အမေးကို သိချင်တဲ့
မျက်ဝန်းတွေနဲ့ ဖြူလုံး ကို စိုက်ကြည့်နေခဲ့၏ ။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now