Chapter 4 : မုသားနှင့်အမှန်တရား

106 8 1
                                    


(Unicode)

". . . ဗီအိုလာ?"

ဖီးလစ် ကျွန်မအနားတိုးကာ စိုက်ကြည့်ပြီး ကျွန်မနာမည်ကို ခေါ်လိုက်တော့မှ အသိစိတ်ပြန်ဝင်လာတော့သည်။

ဂါဝန်အောက်မှ ပေါင်တံကို ဆွဲဆိတ်ကြည့်လို့ နာကျင်သွားတာတောင် ကျွန်မ မနိုးလာခဲ့ပါ — ဒါ အိပ်မက်မဟုတ်ဘူးပဲ။

ဟင့်အင်း, တခုခု အထင်လွဲနေတာပဲ ဖြစ်မည်။

"အမ်, ခုနက ရှင်ဘာပြောလိုက်. . .?"

"ကိုယ်တို့က ချစ်နေကြတာလို့ ပြောတာလေ"

"ဘယ်သူနဲ့ . . . ဘယ်သူတုန်း?"

"ကိုယ်နဲ့မင်း"

"အယ်"

သေချာတာတော့ ကျွန်မနားလည်မှုလွဲတာမဟုတ်။ ဒီလို လက်မခံနိုင်စရာ အလိမ်အညာစကား — ကျွန်မဆွံ့အပြီး ပါးစပ်အဟောင်းသားဖြစ်သွားတာကိုတောင် မျက်နှာမှာ ဖုံးဖိကွယ်ဝှက်မထားနိုင်တော့ပေ။

သူဘာလို့ ဒီလိုလိမ်ပြောနေသလဲ ကျွန်မလုံးဝ စဉ်းစားမရ။ ကျွန်မလိမ်နေတာကို သူရိပ်မိသွားလို့လား? ဒါမှမဟုတ် စိတ်ဒုက္ခပေးတဲ့ နည်းလမ်းအသစ်လား?

"ခွင့် ခွင့်လွှတ်ပါနော်.. ကျွန်မမိဘတွေက အဲ့လိုကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တခုတလေမှ မပြောပြထားတော့လေ ရုတ်တရက် အံ့ဩသွားလို့ပါ"

"အံ့ဩတာ ဖြစ်သင့်ပါတယ်.. ကိုယ်တို့က လူကြားထဲ တီတီတာတာ နေခဲ့ကြတာမျိုး သိပ်မရှိတော့.. အမတ်မင်းနဲ့ အမတ်မင်းကတော် လုံးဝမသိတာ မဆန်းပါဘူး"

ခဏ —

နေစမ်းပါဦး —

— သူ ဘယ်သူ့အကြောင်း ပြောနေတာလဲ?

ကျွန်မတို့နှစ်ယောက်က လူကြားထဲ မဟုတ်ရင်တော့ ချစ်ကြည်နူးတစ်တီတူးနေတယ်လို့ ဆိုလိုချင်တာလား?

အရင်လို အေးစက်စက်မျက်နှာထား ပြန်ဖြစ်သွားသည့် သူ့မျက်နှာကို ကျွန်မစိုက်ကြည့်နေမိသည်။ အချိန်အနည်းငယ်စဉ်းစားကြည့်ပြီးမှ လောလောဆယ်တော့ သူဘာပြောမလဲ နားထောင်ကြည့်ပြီး မီးစင်ကြည့်ကမယ်ဟု ဆုံးဖြတ်လိုက်သည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Nov 08, 2022 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

ခရမ်းနုရောင် မုသား - Myanmar TranslationTahanan ng mga kuwento. Tumuklas ngayon