နှိုင်း ကားကိုလည်း ယူသွားလို့ရပါရက်နှင့် မယူချင်ဘူးဟုဆိုသည် ။'ကျွန်‌တော်ကိုယ်တိုင် မတတ်နိုင်သေးသရွေ့ မာနကြီးတယ်ပဲဆိုဆို ၊ကိုယ်တိုင်အစွမ်းအစနဲ့ သူ့လက်သူ့ခြေပဲ ဖြစ်ချင်တာမလို့ သူ့ကိုနားလည်ပေး 'ပါတဲ့ ။ နှိုင်း ကောင်လေးက တခါတလေ သူတွေးချင်ရာကို ဒီလိုမျိုး တွေးချပစ်တတ်သေးတာ ။ဘယ်လိုဆိုဆို ဦးစားပေးတဲ့အရာ နှိုင်းပဲဖြစ်နေတော့ ၊အလုံးစုံ နှိုင်းအတွက်ပဲ ဖြစ်နေတော့ ဒီကောင်လေး စိတ်သဘောထား ဘယ်လိုဖြစ်နေနေ ၊ဘယ်လိုတွေပဲ ဆုံးဖြတ်ချက်ချပါစေ နှိုင်းလဲ လိုက်ပါစီးမျောဖို့ရာ အဆင်သင့် ..။

နှိုင်းရော ဒီကောင်လေးပါ အမြဲ မနီးမဝေးတိုက်ခန်းကနေ အငှားကားစီးတယ် ။စိတ်ထင်ရင် ထင်သလို ညနေဘက်တွေဆို လမ်းလျှောက်ပြန်ဖြစ်တယ် ..။အဲ့လို အချိန်တွေက နှိုင်းအတွက် အကြည်နူးဆုံး၊အသစ်လွင်ဆုံး အချိန်တွေပါပဲ ။

လွန်ခဲ့တဲ့ ရက်တွေက နှိုင်းဆီကို ဒယ်ဒီရောက်လာသေးသည် ။နှိုင်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တဲ့ ဒယ်ဒီ့အတွက် နှိုင်းမှာ ပြောရမည့်စကားတောင်ရှာမတွေ့ ။နှိုင်းထွက်လာခဲ့ထဲက ဒယ်ဒီနဲ့ ပထမဆုံးတွေ့ရခြင်း ဖြစ်သည့်အတွက် အမှားလုပ်ထားသည့်နှိုင်းက စိုးရွံ့ရပါသည် ။ဒယ်ဒီကတော့ နှိုင်းမတွေးထားမိအောင်ထိ နှိုင်းကို ခွင့်လွှတ်အားပေးသည့် စကားကိုပဲဆိုသည် ။နှိုင်း အံ့အံ့ဩဩနဲ့ တစ်ဆက်တည်းမှာပဲ ဒယ်ဒီ့ကို သိပ်ကျေးဇူးတင်ရတာပါပဲ ။နှိုင်းကို မာမီလောက် အလိုမလိုက်ခဲ့သည့်သူ ၊မျက်နှာသာမပေးခဲ့သည့် ဒယ်ဒီက နှိုင်းအမှန်တကယ် စိတ်အားငယ်ပြီး အားပေးမှု နဲနဲလေးဖြစ်ဖြစ် လိုအပ်နေသည့်အချိန်မှာ ဖခင်ပီပီ အပြစ်မဆိုပဲ ရှေ့ကနေ ကာကွယ်ပြီး မားမားမတ်မတ်ရပ်တည်ပေးခဲ့တာ ။တစ်ကိုယ်ကောင်းဆန်ပြီး လုပ်ချင်ရာလုပ်ခဲ့သည့် အတွက် အများကြီးတောင်းပန်ပါသည် ။နှိုင်း မိဘတွေအပေါ် ဆပ်ရမည့်  ကျေးဇူးတရားတွေ သိပ်များသွားခဲ့ပြီပဲ ။နှိုင်း ဒီကောင်လေးကို ရယူပြီးပြီမလို့ ဘာမှမလိုတော့ပါဘူး ။ရှေ့လျှောက် နှိုင်း လိမ္မာတော့မှာ ၊စကားနားထောင်တော့မှာမို့ စိတ်ချပါ ... ။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now