Part - 51 ( Zg + Uni)

Beginne am Anfang
                                    

ချစ်စရာကောင်းလို့ ကြည့်နေတဲ့ သူ့မှာ
သမီးလေး စကားကြောင့် ပါးစပ်ပင်
မစိနိုင်အောင်ပေ။
တကယ့်ကို ဂျပါးလေးပေ။

" ဖေဖေ့က ဖေဖေ့ ဖြူလုံးလေး ကို ဘာလို့
လှောင်ရမှာလဲ... ?? မလှောင်ပါဘူး
ဖေဖေ့က ​ဖေ​ဖေ့ ဖြူလုံးလေးကို ချစ်လို့ကို
မဝတာ... "

" ဒါဆို သက်သေပြလေ.. .မနေ့က တွေ့တဲ့
အန်တီကြီး ဆီကို ဖေဖေ မသွားရဘူး...
နောက်ပြီး ဖြူလုံး ထက်လည်း ဘယ်သူ့ ကိုမှ
ပိုမချစ်ရဘူး "

လက်သန်းသေးသေးလေးနဲ့ ကတိလာတောင်း
နေ၍ သမီးလေး စိတ်ကျေနပ်အောင် သူ့
လက်သန်းလေးနဲ့ ချိတ်ပေးဖို့ ပြင်လိုက်သည်။

" ကဲ ဖေဖေ သူ့ဆီ မသွားဘူးနော်....
ဖြူလုံးလေး ထက်လည်း ဖေဖေ ဘယ်သူ့ကိုမှ
ပိုမချစ်ဘူး ဟုတ်ပြီလား..?? "

လက်သန်းချိတ်ရင်း ကတိပေးလိုက်ရာ ပြုံးသွား
တဲ့ သမီးလေး မျက်နှာက ဘာနဲ့မှ
လဲလို့မရပေ။

" ဟီးဟီး ဖေဖေ.. .ဒါကြောင့် ဖြူလုံး က
ဖေဖေ့ ကို ချစ်​နေရတာ "

ရယ်ကျဲကျဲလုပ်ပြီး သူ့ ပါးကို သမီးလေး
က နမ်းဖို့ ပြင်ရာ မမှီတာကြောင့် သမီး
လေးကို သူ့ ပေါင်ပေါ် တင်ပြီး နမ်းစေလိုက်သည်။

သူလည်း ချစ်မဝဖြစ်ပြီး သမီးလေး ပါးနှစ်ဖက်ကို
ဘယ်ပြန်ညာပြန်နမ်းရှိုက်ပစ်လိုက်​သည်။

**********************

မဟာက အရေးကြီး ကိစ္စရှိလို့ မနက်အစောကြီး
ကတည်းက အပြင်ကိုသွားခဲ့သည်။ ဟိုတယ်မှာ
ကျန်ခဲ့တဲ့ သူ့ မှာ သမီးလေး ကို ရေမိုးချိုးပေး
ပြီး သနပ်ခါးလိမ်းပေးရသည်။

သမီးလေးကို ထမင်းလည်း ကျွေးပြီးတဲ့အပြင်
သမီးလေး စားချင်တဲ့ မုန့်တွေလည်း ဝယ်ကျွေး
ပြီး အိပ်စေလိုက်သည်။

အခုတော့ သမီးလေး က သူ ချော့သိပ်တာနဲ့
အိပ်ပျော်သွားပြီလေ။

မနက်ကတည်းက သမီးလေး ပြောသလို
သူ ပြင်ဆင်ထားပြီး ဘယ်မှ မသွားရသေး။

ဟိုတယ်က သန့်ရှင်းရေး အစ်မကြီးကိုလည်း
သမီးလေးအား ကြည့်ထားပေးဖို့ တောင်းဆိုပြီး
baby ဆီသွားဖို့ သူ ဆုံးဖြတ်လိုက်သည်။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Wo Geschichten leben. Entdecke jetzt