အခန်း၂၄🖤

Start from the beginning
                                    

   ''မသိဘူး..နင့်အသံမကြားချင်ဘူး..၊ အခု
   လွှတ်ပါဆို...ဖယ်ပေး...''

  ''မလွှတ်ဘူးကွာ..မောင့်ကိုမုန်းစကားပြောတဲ့
  ဒီပါးစပ်လေးကို..ဟော့ဒီလို...''

''အွန့်...ပြွတ်...''

ညဏ်က သူမလေးရဲ့ ခန္ဓာကိုယ်လေးကို အတင်းပွေ့ဖက်ကာ စိတ်ထားရဲ့နှုတ်ခမ်းဖူးဖူးလေးကိုဖိကပ်နမ်းသည်။ ခေါင်းလေးဘယ်ညာယိမ်းကာရှောင်နေတဲ့ ''မ''ကို အတင်းထိန်းကိုင်ရင်း ချစ်အနမ်းတွေ သီကာကုံးနေတာ ညဏ်ဖြစ်သည်။

  ''ပြွတ်...မောင့်ကိုမယုံရင် သူငယ်ချင်းတွေကို
  လှမ်းမေးကြည့်ကွာ...နော်..မိန်းမ ''

သူ့ရင်ခွင်ထဲမှာ ငြိမ်သက်နေတဲ့ သူမလေးကို
ညဏ်က ပါးချင်းထိကပ်ထားရင်း ချော့သည်။

  ''ယောကျာ်းကို သဝန်တိုပြီး.... ကောင်မလေးတစ်ယောက် စိတ်ကောက်နေတာကွာ..အဟွန်း''

  ''ဘယ်မှာ...သဝန်တိုလို့လဲ...စဥ်းစားလေ ''

မျက်စောင်းလေးချီကာ အသံခပ်ဆောင့်ဆောင့်လေး ထွက်လာတဲ့ သူမလေးကို ညဏ်က သဘောကျစွာ ကြည့်ရင်း မေးဖျားလေးကို နမ်းသည်။

  ''အဟွန်း..ဟွန်း...ညာပြောတဲ့ကောင်မလေးကိုဒီလို အပြစ်ပေးရမယ်....''

''အို...မောင်နော်....''

မနက်စောစောပေမဲ့ အခန်းထဲမှာ ဟိုနကလို
ရန်ဖြစ်သံတွေမကြားရတော့ဘဲ ချစ်ကြည်နူးနေတဲ့ အသံတွေသာရှိတော့ပြီး ခဏနေတော့ အသံလေးတွေလည်းပျောက်ကာ ချစ်ရနံ့တွေ သင်းကြိုင်နေတော့သည်။

>>>>>>>>

   ''ဒုန်း....''
  
  ''မ....တံခါးဖွင့်ပေးကွာ...''
 
တစ်နေ့လုံးအကောင်း အခုမှ ဘာစိတ်ပေါက်ပြီးသူ့ကိုတံခါးပိတ်ထားလည်းမသိပေ။ မနက်ကရှင်းပြတဲ့ကိစ္စလည်း ပြီးပြီလို့ထင်နေပေမဲ့ အခုညရောက်တော့ သူ့ကိုခေါင်းအုံးတစ်လုံးပစ်ပေါက်ပြီး တံခါးကို ပိတ်ပစ်သည်။   

ညဏ်သည် အပြင်က ဘယ်လောက်အော်အော်အထဲက တုပ်တုပ်မလှုပ်တဲ့ သူမလေးကြောင့်သက်ပြင်းဖွဖွချမိရင်း အိမ်ရှေ့က ဆိုဖာပေါ်မှာစီးကရက်သောက်နေလိုက်သည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now