အခန်း၂

31.6K 644 8
                                    

(unicode)

နှစ်ထပ်တိုက်အပုအဝါလေးက အရမ်းမကြီးပေမဲ့ ချစ်စရာလေးဖြစ်သည်။ တိုက်ရှေ့မှာ ဒန်းလေးတစ်ခုနဲ့ ပန်းစင်လေးတွေနဲ့ အလှလုပ်ထားသည်။ နို့စိမ်းရောင် အုတ်တံတိုင်းနဲ့ သံပန်းတံခါးက လမ်းနဲ့ကပ်နေရသည်။ သာမန်ရက်ကွက်လေးပေမဲ့ အလွန်စည်းကားသည်။ ထိုတိုက်အပုလေးတွင်
တူအရီးနှစ်ယောက်သာ နေကြသည်။
ဒေါ်မြတ်ဖူးဆိုတဲ့ အပျိုကြီးနဲ့ စိတ်ထားမြတ်လို့ခေါ်တဲ့ အသက်၂၅နှစ်အရွယ် တူမ နေကြသည်။

''ကြီးကြီးမြတ်...ဒီနေ့ အပြင်သွားမလို့ စိတ်ထား ဘာဝယ်ခဲ့ရမလဲ..ဘာစားချင်လဲဟင်..''

ဧည့်ခန်းလေးထဲက ပြောင်လက်နေသော ကျွန်းစတီခုံတစ်ခုမှာ ထိုင်ပြီး tvကြည့်နေတဲ့ ကြီးကြီးကို စိတ်ထားက မေးလိုက်သည်။

''နေပါ..သမီးရယ်၊ ဒီမှာလည်း ဝယ်လို့ရနေတာဘဲ..တော်ကြာ အထုပ်ဆွဲရပြီး ပင်ပန်းမယ်''

''ကြီးကြီးမြတ်ကလည်း မပင်ပန်းပါဘူး....''

စိတ်ထားမြတ်ဆိုတဲ့ သူမလေးသည် ဘွဲ့ရပညာတက်တစ်ယောက်ဖြစ်သည်။ အိမ်ရဲ့ စီးပွားရေးက ပူပင်စရာမလိုအောင် ပြည့်စုံပါသည်။ မိဘတွေထားခဲ့တဲ့ တရုတ်တန်းဘက်က ဆိုင်ခန်း၂ခန်းရယ်၊ သိမ်ကြီးစျေးက ဆိူင်ခန်း၄ခန်းရဲ့ ဝင်ငွေတွေက တစ်လ တစ်လကို သိန်း၅၀လောက်ဝင်သည်။ ဒါအပြင် ဘယ်သူမှ မစီးတဲ့ကားကို taxiမောင်းခိုင်းထားတော့ အပိုဝင်ငွေလေးကလည်း ရှိသေးတယ်။ ကျောင်းပြီးခါစက ကုမ္ပဏီ
တစ်ခုမှာ ရုံးစာရေးဝင်လုပ်ခဲ့ဖူးပေမဲ့ နောက်ပိုင်း အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ကြီးကြီးမြတ်က ကျန်းမာရေးလည်း သိပ်မကောင်းတော့ သူမ အလုပ်က ထွက်ပြီး ဝါသနာပါရာ စက်ချုပ်သင်တန်းလေး တက်ပြီး အိမ်မှာဘဲ အပ်ထည်အနည်းငယ် လက်ခံကာ ချုပ်ပေးဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေးဘဲ ဖြတ်သန်းနေလိုက်သည်။

''ဒါနဲ့...သမီးတစ်ယောက်တည်း ဖြစ်ရဲ့လား၊
ကြီးကြီးလိုက်ရအုံးမလား....''

စိတ်ထားက အင်္ကျီပိတ်ညှပ်နေတဲ့ ကတ်ကြေးလေးကို အသာချလိုက်ပြီး ရယ်လိုက်ကာ....။

''အဟင်း..ဟင်း...စိတ်ထား သွားနေကြ
လမ်းတွေပါ ကြီးကြီးမြတ်ရဲ့..''

ချိုမြိန်သော ရင်ခုန်သံ (completed)Onde histórias criam vida. Descubra agora