အခန်း၁၀

21.4K 527 16
                                    

(unicode)

စိတ်ထားသည် အိပ်ယာနိုးကတည်းက လန်းဆန်းနေရသည်။ ညက သူနဲ့ ဖုန်းတွေအကြာကြီး ပြောခဲ့သလို၊ အိမ်ရှေ့မှာ အမှန်တကယ်လည်း အိပ်ဖန်စောင့်လာလုပ်ပေးသည်။ အရင်က ဂီတာတီးပြီး သီချင်းဆိုရင် နာညီးတယ်ဟု ထင်မိသော်လည်းညကတော့ နားဝင်ချိုပြီး နားထောင်ကောင်းနေသည်။ ဘာပဲ ဖြစ်ဖြစ် စိတ်ရဲ့အလိုတော်အတိုင်း ဒီတစ်ခါတော့ ဖြစ်ချင်ရာဖြစ် ရည်းစားထားဖို့ စိတ်ကူးလိုက်သည်။

''တင်...တင်!!!!!'

လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းထဲကို မက်ဆေ့ဝင်လာသည်။ စိတ်ထားရဲ့ မျက်နှာလေးသည်
ပြုံးသွားပြီး စာလေးကို ကြည်နူးစွာ ဖက်လိုက်သည်။

''morningနော်...မ ၊ အရမ်းချစ်တယ်....
ကျောင်းမှာ tutorialရှိလို့ မောင်သွားပြီ..
ညနေကြရင်တော့ ခဏလောက် တွေ့ချင်တယ်''

စိတ်ထားသည် စာကို ဖတ်ပြီးတာနဲ့ လက်တွေကကီးဘုတ်ကို ရောက်ပြီးသားဖြစ်နေသည်။

''အင်း...ခဏထွက်ခဲ့မယ်....။''

သူမ စာပို့ပြီးတယ်ဆို ဖုန်းလေးကို မှန်တင်ခုံပေါ် ပြန်တင်ထားလိုက်သည်။ စိတ်ထားသည်
အိပ်ယာ ပေါ်မှာ ပက်လက်ကလေးလှန်ကာ စဥ်းစားနေလိုက်သည်။ အရင်က ချစ်သူထားခဲ့ရင်တောင် ကိုယ့်ထက်အသက်ကြီးသူ၊ လူကြီးဆန်သူကို ထားမည်ဟုတွေးခဲ့ပေမဲ့ အခုတွင်တော့တက်တက်စင်အောင် လွဲပြီး တခြားစီဖြစ်နေရသည်။ ဒါပေမဲ့ ညဏ်သည် သူမထက် အသက်ငယ်ပေမဲ့ မြင့်မားတဲ့အရပ်နဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကြောင့် မသိရင် အသက်ကြီးသလို။ ဘာပဲ ဖြစ်ဖြစ် ရွေးချယ်လိုက်တဲ့ လမ်းကြောင့်ဘာတွေပဲ ဖြစ်ဖြစ် ရဲရဲဝံ့ဝံ့ ဆက်လျှောက်မယ်ဟုစိတ်ထားက တွေးလိုက်သည်။

>>>>>>

''ညဏ်...မင်း ဟိုအမူးသမားကို ကန်တော့ပွဲ
နဲ့ သွားကန်တော့ပါလား...''

''ဟုတ်တယ်...ခဲတံပြောတာ ငါလည်း ထောက်ခံတယ်...ဟားဟား...''

ညဏ်သည် စာသင်ခန်းရဲ့ နောက်ဆုံးခုံမှာ ထိုင်နေရင်း လက်ထဲမှာ ဘောပင်ကို လှည့်နေသည်။ မနေ့က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကစပြီး သူပြောပြတာကို နားထောင်ပြီးတာနဲ့ နှစ်ကောင်သားဟာမျက်နှာတွေကအစ စပ်ဖြဲဖြဲ ဖြစ်သွားပြီး ခေါင်းတွေညိမ့်နေပြီး မဟုတ်တာကို စပြောကြသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now