အခန်း၁၃

23.2K 537 2
                                    

(unicode)

     မန္တလေးက အမျိုးတွေဆီ အလည်သွားနေတဲ့ စိတ်ထားသည် မနေ့ကမှ ကြီးကြီးနဲ့အတူ ရန်ကုန်ကို ပြန်ရောက်တာဖြစ်သည်။
ရုပ်ရှင်သွားကြည့်မယ်ပြောပြီး ခရီးထွက်သွားတဲ့သူမကို ညဏ်က ဖုန်းထဲကနေ နေ့တိုင်း စိတ်တိုပြီးစကားနားထိုးသည်။ သူမလည်း မသွားချင်ပေမဲ့ကြီးကြီးမြတ်က ကျန်းမာရေးလည်း သိပ်မကောင်းတော့ဟိုမှာ အေးဆေးအနားယူရင်း ကြာသွားတာဖြစ်သည်။

      ''ring...ring...''

မျက်နှာလေးကို ပြင်ဆင်ပြီးလို့ အင်္ကျီလဲနေတုန်း ဖုန်းသံက မြည်လာသည်။

   ''.......''

   ''နောက်ထပ်၁၅မိနစ်ဆိုပြီးပြီ...''

   ''.......''

    ''အင်းပါ...မောင်ရဲ့...''

ဒီနေ့ပထမဆုံး နှစ်ယောက်အတူ ရုပ်ရှင်သွား
ကြည့်မှာ ဖြစ်သည်။ ချစ်ရတဲ့ မောင်ကို ချော့မှာဆိုလည်း မမှားပေ။ တစ်လနီးပါးလောက် ပစ်ထားခဲ့တော့ သူမဘက်က အနည်းငယ်လွန်မှန်းသိပါသည်။ အဲ့ဒါကြောင့် ဒီနေ့တော့ တစ်ရက်လုံးအချိန်ပေးမယ်ဟု ကတိပေးထားတဲ့အတိုင်း အပြင်သွားမလို့ ဖြစ်သည်။

     ''ကြီးကြီးမြတ်ရေ...သမီးအပြန်နောက်ကျရင် စိတ်မပူနဲ့နော်...ချယ်ရီတို့နဲ့သွားမှာ ''

ကြီးကြီးမြတ်က အသီးတွေလှီးနေရာမှ ပြုံးပြပြီးခေါင်းညိမ့်ပြသည်။

    ''အေးအေး...သမီးလေး ဂရုစိုက်သွားနော်''

    ''ဟုတ်ကဲ့...''

စိတ်ထားသည် ကြီးကြီးကို ပြောပြီးတာနဲ့ အခန်းထဲကို ပြန်ဝင်ကာ စလင်းဘတ်အိတ်အနက်လေးကိုယူပြီး သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကို မှန်ထဲမှာ ကြည့်ရင်း သဘောကျသွားရသည်။ ဒီနေ့ ဝတ်ထားတာကအနက်ဆွဲသားဂါဝန်ကိုယ်ကျပ်လေးမို့ အရှိုက်အဝန်း၊ အမို့အမောက်တွေက ညို့အားပြင်းစွာလှပနေသည်။

ညဏ်သည် ကားပေါ်က ခဏဆင်းပြီး စီးကရက်သောက်ရင်း သူမလေးကို မျှော်နေလိုက်သည်။မတွေ့ရတဲ့ တစ်လအတွင်းမှာ အလွမ်းဓာတ်က သူ့ကိုနှိပ်စက်တာ အလူးအလိမ့်ခံလိုက်ရသည်။သူ့အဖြစ်က ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်သလို ဖြစ်သွားရသည်။ ကျောင်းပိတ်ရက်မှာ နေ့တိုင်း အတူdateမယ်ဟု တွေးထားသော်လည်းကံကြမ္မာက မျက်နှာသာ မပေးဘဲ ၁လလောက်ခွဲခွာလိုက်ရသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now