အခန်း၉

19.4K 484 2
                                    

(unicode)

ညနေဘက်၆နာရီထိုးတော့မှာမို့ မှောင်ရီပျိုးနေသည်။ စိတ်ထားသည် မှန်တင်ခုံပေါ်မှာ တင်ထားတဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ယူကာ စတိုးဆိုင်သွားဖို့ အပြင်ထွက်လိုက်သည်။ အကြောင်းမကြားဘဲ ဒီတစ်ခါ စောလာတဲ့ မိန်းကလေးတွေရဲ့ သဘာဝကိစ္စကြောင့် ကုန်နေတဲ့evaကို ဝယ်ရန်ဖြစ်သည်။

''ဟိုမှာ ထွက်လာပြီ ၊ ငါခဏလိုက်သွားအုံးမယ် ခဲတံ ''

''good luck သားကြီး ''

ညဏ် ခေါင်းညိမ့်ပြကာ ကားထဲက ထွက်လိုက်သည်။ ညဏ် စီးလာတဲ့ ကားဟာ ဒီနေ့ အသစ်မို့ သူမက သတိမထားမိဘဲ အနားက ဖြတ်ကျော်သွားတာတောင်အေးအေးဆေးဆေးဖြစ်သည်။ ညဏ်က ၁၀လှမ်းလောက်အကွာကနေ အသာလိုက်သွားရင်း ပြုံးလိုက်သည်။

အနီရဲရဲဂါဝန်လက်ပြတ်လေးကို ဝတ်ထားပြီး ဆံပင်တွေကို မြှင့်စည်းထားတဲ့ သူမလေးဟာ လမ်းမီးတိုင် ဝါကျင်ကျင်လေးတွေအောက်မှာ အတော်ကို လှပနေသည်။ ဝါဝင်းစိုပြေနေတဲ့ အသားအရေက အင်္ကျီနဲ့အပြိုင်ထင်းနေပြီး ဒီလိုပုံစံလေးကို တစ်ခါမှ မမြင်ဖူးတဲ့ ညဏ်ဟာ အကြည့်လုံးဝမလွဲဖြစ်ဘဲ သူမလေးရဲ့လမ်းလျှောက်သွားတဲ့ပုံလေးကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူလိုက်သည်။တဖြေးဖြေး နောက်က လိုက်သွားရင်း လမ်းထိပ်က g&g စတိုးထဲ ဝင်သွားတာတွေ့လိုက်သည်။

'၆၃၀၀ပါ အစ်မ ''

စိတ်ထားသည် ပိုက်ဆံအိတ်ထဲက ၁သောင်းတန်တစ်ရွက်ထုတ်ပေးပြီး အသင့်ယူလာတဲ့ အိတ်ပန်းရောင်လေးထဲကို ဝယ်ထားတဲ့ evaထုပ်တွေ ထည့်လိုက်သည်။ သူတို့ပေးတဲ့ အိတ်က အဖြူရောင်မို့ ဒီပစ္စည်းဝယ်တိုင်း အိမ်ကနေ အိတ်လေးအမြဲယူလာတက်တာ သူမ အကျင့်ပေ။ခဏနေတော့ ပြန်အမ်းငွေကို ယူကာ အပြင်ပြန်ထွက်ခဲ့သည်။

ညဏ်သည် အကွယ်တစ်နေရာက စောင့်ကြည့်နေတုန်း သူမလေးက ထွက်လာသည်။ လက်ထဲမှာ ပန်းရောင်အိတ်တစ်ခုကိုင်ကာ လမ်းလျှောက်လာပုံက အေးအေးလူလူပင်။ သူကြည့်နေတုန်းမှာပင်လာနေကြလမ်းအတိုင်း မပြန်ဘဲ လမ်းကြား
အကျဥ်းလေးထဲ ဝင်သွားလို့ ညဏ်က မျက်မှောင်ကုတ်လိုက်ကာ နောက်က လိုက်ဖို့ပြင်သည်။ သူလျှင်မြန်တဲ့ ခြေလှမ်းနဲ့ လိုက်တာတောင် ဘယ်နားရောက်သွားမှန်းမသိပေ။လမ်းကြားပေမဲ့ ဘေးက အုတ်စည်းရိုးတွေနဲ့ ဘယ်နဲ့ညာ ခွဲထားတော့ ဘယ်အထဲကို ဝင်သွားလဲ မသိပေ။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now