အခန်း၁၂

20.5K 503 9
                                    

(unicode)

ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်။စုစုပေါင်းဖြေရက်က ၆ရက်ပေမဲ့ ပိတ်ရက်ပါခံသွားလို့ ၈ရက်ကြာသွားသည်။ ချစ်ရတဲ့သူလေးက စာမေးပွဲပြီးမှ တွေ့ရမည်ဟု ပြောထားတော့ ညဏ်သည် မ နဲ့ မတွေ့ရတာ ၈ရက်ရှိနေပြီဖြစ်သည်။

''ညကြရင် မင်းတိုက်ခန်းမှာ သွားကစ်ရအောင်''

''အင်း..သွားမယ်လေ ''

ကန်တင်းမှာ ထိုင်စားသောက်နေရင်း ညီသုက ဘီယာသွားချဖို့ ပြောနေတာ ဖြစ်သည်။ နှစ်တိုင်း စာမေးပွဲပြီးတာနဲ့ ခေါင်းဆေးတယ်ဆိုပြီး ညလုံးပေါက်ကဲကြတာ ဖြစ်သည်။

ညဏ်က ပါးစပ်ကပြောနေပေမဲ့ လက်က ဖုန်းပေါ်မှာ စာရိုက်မပျက်ပေ။ သူ့အဖြစ်က အခုမှ ၁၆နှစ်သမီးလေးနဲ့ ရည်းစားဖြစ်နေရသလို။ အချိန်တိုင်းစာပို့ပြီး အဆက်အသွယ်လုပ်နေရတာဖြစ်သည်။ဖုန်းခေါ်တိုင်း ကြီးကြီးရှိတယ် မရဘူးပြောနေတဲ့သူမလေးဟာ တကယ့်ကို အိမ်ကြောက်မလေးအတိုင်း။

>>>>>>>>

စိတ်ထားသည် ပေကြိုးလေးကိုင်ကာ မြန်မာဝတ်စုံတွေ လာအပ်တဲ့ သားအမိကို တိုင်းဖို့ပြင်နေတာဖြစ်သည်။ အမြဲတမ်း လာအပ်နေကြဖြစ်လို့
ရင်နှီးနေရသည်။

''ညီမလေး..လက်ရှည်လေးဘဲ ချုပ်မှာလား''

''ဟုတ်...အရင်အတိုင်းဘဲ ''

စိတ်ထားသည် အပြုံးလေးနဲ့ ခေါင်းညိမ့်ပြပြီး
စာအုပ်ထဲမှာ မှတ်နေသည်။

''သမီးရေ...သိတဲ့အတိုင်းဘဲ သူက ချေးကခပ်များများရယ်၊ သမီးချုပ်ပေးထားတာဘဲ သဘောကျတာလေ...အဟင်းဟင်း...''

ဒေါ်သူဇာလင်းက အပြုံးလေးနဲ့ပြောနေသည်။စိတ်ထားမြတ်ဆိုတဲ့ ကလေးမလေးကို ကြည့်ပြီးအတော်သဘောကျရသည်။ ပုံစံလေးကလည်း ချောချောလှလှလေးဖြစ်ပြီး စကားပြောတာလေးကအစ ယဥ်ကျေးသည်။ စိတ်ထဲတွင်တော့ ငါ့ချွေးမလေးသာဆို ဘယ်လောက်ကောင်းမလဲဟု တွေးနေလိုက်သည်။

''အန်တီကတော့ အရင်ကိုယ်တိုင်းဘဲပေါ့နော်''

''အေး..သမီး ''

စနိုးက စာအုပ်ထဲမှာ ရေးမှတ်နေတဲ့ မမလှလှလေးကို ဖတ်လိုက်ပြီး...။

''ဒါနဲ့...မမကို သမီးမေးစရာရှိလို့...အဟင်း ''

မမေးခင် မျက်နှာချိုသွေးနေသည့် ကလေးမလေးကို စိတ်ထားက ပြုံးပြကာ ခေါင်းညိမ့်ပြသည်။မျက်နှာလေးက ချစ်စရာတော့ကောင်းပြီးအနည်းငယ် ဝနေတော့ ဖတ်တီးမလေးလို ဖြစ်နေသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)जहाँ कहानियाँ रहती हैं। अभी खोजें