(unicode)
ကန်တင်းသွားတဲ့ လမ်းရဲ့ တစ်ဖက်ခြမ်းမှာ
ကားနှစ်စီး ရှေ့ဆင့်၊ နောက်ဆင့်ရပ်ကာ နောက်ကားမှာ ဖဲကစားနေကြတာဖြစ်သည်။ ညဏ်က ကားအောက်ကို ဆင်းကာ ပုဆိုးပြင်ဝတ်ရင်းစီးကရက်ဗူးကို လှမ်းယူသည်။''မီးခြစ်ပေးစမ်းပါကွာ..ကျော်စိုး ''
ကမ်းပေးလိုက်တဲ့ မီးခြစ်ကို ယူကာ သူမီးညှိရင်း စီးကရက်ဖွာနေလိုက်သည်။ ဖြတ်သွားတဲ့ ကျောင်းသူအချောအလှလေးတွေကို ရင်မခုန်ဘဲသူ့ကို ခါးခါးသီးသီးဖြစ်နေတဲ့ မမကိုမှ စွဲလန်းနေတဲ့ သူရဲ့နှလုံးသားဟာ တကယ်ထူးဆန်းသည်။
''ဟားဟား...ငါကွ ''
ခဲတံက အသံပြဲနဲ့ ထအော်သည်။ ပိုက်ဆံနဲ့ ကစားတာမဟုတ်ဘဲ ဒီအတိုင်း အပျော်ကစားနေကြတာ ဖြစ်သည်။ ကားမှန်အမည်းတွေမို့ ဘယ်သူမှသတိမထားမိဘဲ အေးဆေးကစားလို့ရတာဖြစ်ပြီး မိရင်တော့ ပါချုပ်ရုံးခန်း အကုန်တန်းရောက်ကိန်းရှိသည်။
''ညဏ်..မင်းက သွားတော့မလို့မလားဟ ''
''အေး..ကားပေါ်ခဏသွားမလို့ ''
အရှေ့မှာရပ်ထားတဲ့ ကားဆီကိုလျှောက်လိုက်ပြီးညဏ်က ကားထဲဝင်ထိုင်ကာ သီချင်းဖွင့်ပြီး စီးကရက်သောက်နေလိုက်သည်။ ချစ်ရသူလေးကို သတိရပေမဲ့ ဖုန်းစက်ပိတ်ထားတော့ သူ့မှာငုတ်တုတ်မေ့နေသည်။ခဏနေတော့.....။
''ဟားဟား....ခွေသူခိုး ''
ညီသုနဲ့ ခဲတံက ဘာတွေဖြစ်လာလဲမသိ။
လူထက်အရင် အဆဲသံက အရင်ကြားရသည်။နှစ်ယောက်သား ကားတံခါး ဝုန်းခနဲ
ဖွင့်ပြီး တက်လာကြသည်။''ညဏ်..မင်းနဲ့ မမမြတ် အဆင်ပြေလား
ဟိုဘက်က မီးစိမ်းပြပြီလား..''ခဲတံကဘေးခုံမှာ ထိုင်လိုက်ပြီး စီးကရက်
သောက်ကာ ခပ်ဆွေးဆွေးဖြစ်နေတဲ့ သူ့ကို မေးသည်။ ညဏ်က ခေါင်းညိမ့်လိုက်ပြီးမှ စကားစသည်။''အင်း..မဆိုးပါဘူး၊ ဒါပေမဲ့ အခုထိ
မျက်နှာကို လုံးဝမလျှော့ဘူး''''ငါပြောသားဘဲ မမမြတ်က မာနကြီးပါတယ်ဆိုဒါနဲ့....မင်းမနေ့က လိုက်သွားတာ ဘယ်လိုလဲ''
YOU ARE READING
ချိုမြိန်သော ရင်ခုန်သံ (completed)
Romanceမ နဲ့ မောင်ရဲ့ Romance အိမ်ထောင်ရေး ဇတ်လမ်းလေး။ (ညဏ်+စိတ်ထားမြတ်) >>>>>>>(both unicode and zawgyi) ''မ'' နဲ့ ''မောင်'' ရဲ့ အချစ်ဝတ္တုလေးကို စီးမျှောပေးကြပါအုံးနော်...။