အခန်း၂၂

Começar do início
                                    

အိပ်ယာပေါ်မှာ နဖူးပေါ်လက်တင်ပြီး ငြိမ်သက်စွာ အိပ်မောကျနေတဲ့ မောင်။ စိတ်ထားလည်းအနားကပ်သွားပြီး....။

      ''မောင်....မောင်...''

      ''ဟင်...အင်း..''

       ''ထလေ...မနက်မုန့်စားချိန်တောင် လွန်နေပြီ၊ အခု ထတော့...''

မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့လေးကြောင့် သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဂါဝန်အစိမ်းပုပ်ရောင်လေးနဲ့ သူမလေး။

         ''အဟွန်း...လာပါအုံးကွာ...''

ညဏ်က မတ်တပ်ရပ်နေတဲ့ သူမလေးကို ရင်ခွင်ထဲ အတင်းဆွဲချသည်။ သူ့အတွက်တော့ သူမလေးက တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ ဇနီးကောင်းလေး ဖြစ်သည်။ အိမ်မှုကိစ္စလည်း နိုင်နင်းပြီး သူ့အတွက် အိပ်ယာပေါ်က ကိစ္စကိုတောင်
သာယာအောင် ဖြည့်ဆည်းပေးနိုင်တဲ့ ချစ်မဝ
လေးဖြစ်သည်။

    ''ဟင်းအိုးတန်းလန်းကြီး...မောင်ရဲ့...၊
လွတ်ပါ''

  ''၁မိနစ်ဘဲ....အရမ်းဖက်ထားချင်လို့ ''
 
  ''မောင်နော်...မဆိုးနဲ့ကွာ၊ မျက်နှာလည်း
  မသစ်ရသေးဘဲ...''
 
  ''အွန်း...ပြွတ်....''    

စိတ်ထားက မောင်ရဲ့ ကိုယ်ပေါ်မှာကုန်းကုန်းလေးဖြစ်နေပြီး မနည်းရုန်းထွက်ရသည်။


ညဏ်က အနက်ရောင်ရှပ်အင်္ကျီကို ဘောင်းဘီအနက်ဖြင့် လိုက်ဖက်စွာ ဝတ်စားထားပြီး ဆံပင်တွေကိုလည်း sprayဖြင့် ပုံသွင်းထားတော့ ကြည့်ကောင်းနေသည်။ သူက ပြင်ဆင်ပြီးပြီဖြစ်လို့မှန်တင်ခုံမှာ ထိုင်ကာ အလှပြင်နေတဲ့ သူမလေးဆီကို လျှောက်သွားသည်။

သူမလေးရဲ့ မျက်နှာလေးဟာ ဝင်းဝင်းလေးနဲ့မိတ်ကပ်အနည်းငယ်ပြင်ထားတော့ လှပနုထွတ်နေသည်။ နှာတံကော့ကော့၊ မျက်ဝန်းတောက်တောက်လေးနဲ့ နုရဲအိထွေးနေသော နှုတ်ခမ်းလေးတွေက အရောင်ခပ်ဖျော့ဖျော့တင်ထားတော့ ပိုပြီး ချစ်စရာကောင်းနေသည်။

ညဏ်က သူမရဲ့ မျက်နှာနုနုလေးကို ငေးမောနေရင်းအင်္ကျီမဝတ်ရသေးတဲ့ ဂုတ်သားဖြူဖြူနုနုလေးတွေကို ဖိကပ်နမ်းရှိုက်လိုက်သည်။

   ''ချစ်လို့မဝဘူး...မိန်းမကို ''

''မောင်နော်..အပြင်သွားခံနီး....မနမ်းနဲ့ ''

ချိုမြိန်သော ရင်ခုန်သံ (completed)Onde histórias criam vida. Descubra agora