အပိုင်း ၁

623 62 5
                                    

အပိုင်း

ယခုအခါ တာမီနယ်၏ အင်ပါယာနေ့စဉ်နှင့်အဓိက လူမှုကွန်ရက်ပလက်ဖောင်းများတွင် သတင်းများနှင့် ပြည့်နှက်လျက်ရှိနေသည်။

အင်ပါယာဗိုလ်ချုပ်ကြီးလူးကပ်စ်သည် သူ၏ One-Night Standကိုရှာဖွေရန်အတွက် အစောင့်များကို ဟိုတယ် ပတ်ပတ်လည် ဝိုင်းခိုင်းထားသည်ဟု သိရ!!!

ထိုသတင်းတွင် စစ်တပ်ဝတ်စုံနှင့် ဗိုလ်ချုပ်ကြီးလူးကပ်စ်၏ဓာတ်ပုံသည်လည်း တွဲလျက်ပါရှိသေးသည်။ ဓာတ်ပုံထဲရှိ လူးကပ်စ်၏ မျက်နှာသွင်ပြင်သည် တင်းမာနေပြီး မာနကြီးသည့်ပုံပေါက်သည်။ ဓာတ်ပုံလေးတစ်ပုံပင် ဖြစ်သော်ငြား ထိုမှတဆင့် SSS အဆင့်ရှိသော ထိပ်တန်းအမျိုးသားအယ်လ်ဖာတစ်ဦး၏ ညှို့အားပြင်းထန်သောဆွဲဆောင်မှုတို့နှင့်အတူ ရန်လိုနေသည့်မျက်လုံးများနှင့် အရှိန်အဟုန်တို့ကိုပါ ခံစားနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် ဤဗိုလ်ချုပ်ကြီးသည် အင်ပါယာ၏ အသန်မာဆုံး ခုခံကာကွယ်သည့် တံတိုင်းကြီးသဖွယ်ဖြစ်ကာ အချွန်ဆုံးသောဓားတစ်လက်ဖြစ်လေသည်။ သူသည် လူအများကို ကြောက်ရွံ့စေပြီး အင်ပါယာ၏ အကာအကွယ်ကို အားဖြည့်ခဲ့သည့် နတ်ဆိုးဗိုလ်ချုပ်ကြီးဖြစ်သည်။

ထိုအကြောင်းတို့ကြောင့် အင်ပါယာ၏ အိုမီဂါအများစုသည် သတင်းကြားသော် ငိုကြွေးရန်သာတတ်နိုင်ကြတော့သည်။

လူးကပ်စ်၏စရိုက်လက္ခဏာတို့ မည်မျှပင် ချီးကျူးရ ခက်သည်ဖြစ်စေ ကျန်သောသူတို့အဖို့ သူ၏အိုမီဂါလေးဖြစ်လာရန် မည်သူကများ အိပ်မက်,မမက်ဘဲနေမည်နည်း။

ထို One-Night Stand သည် မည်သူများ ဖြစ်မည်နည်း?

မြောက်မြားလှသောသတင်းများနှင့် စာနယ်ဇင်းတို့သည် အလျင်အမြန်ပင် မရေမတွက်နိုင်သော လှပပြီး ရင်ထဲထိ ထိစေနိုင်မည့် အချစ်ပုံပြင်တို့ကို စီကာပတ်ကုံးရေးကြလေတော့သည်။ "တစ်ညတာ လင်ယောကျာ်းလေး။"မှ "သည်းမခံနိုင်လောက်အောင် အလိုလိုက်မှု : ထွက်ပြေးသွားတဲ့ ဇနီးဆိုးလေး ပြန်လာခြင်း။" နှင့် အစရှိသဖြင့် ဇာတ်လမ်းများသည် ပြောင်းလဲသွားခဲ့သည်။

ဗိုလ်ချုပ်ကြီးရဲ့ အိုမီဂါအတွင်းရေးမှူးလေး [ဘာသာပြန်]Where stories live. Discover now