"ကျွန်တော်က ငတုံးမလို့ ဒီလူလည်လေးကပဲ ဘာဖြစ်ချင်တာလဲဆိုတာ ပြောပြရမယ်လေ ။
ဒါမှ ကျွန်တော်က ဖြည့်ဆည်းပေးတတ်မှာပေါ့ ဟုတ်တယ်မလား..."

"အင်း..."

"ဒါဆိုပြော..."

အားးးး!

"ဘာ ဘာဖြစ်တာလဲဟင် "

"ငါ... ပူ ပူတယ် "

"ဗျာ..ဘယ်နားကလဲ ဟင် ဘာဖြစ်တာလဲ ကျွန်တော့်ကိုပြ "

ရုတ်တရတ်ကြီး ပူပါတယ်ပြောတော့ ပြာယာခတ်သွားရတာ ကျွန်တော်ပါပဲ ။ကျွန်‌တော့်အဆိုးလေး
က ဘာထဖြစ်ပြန်သည်မသိ ။အကျီတွေလည်း ပူပါတယ်ဆိုပြီး ဇွတ်ဆွဲချွတ်နေတာ ။

"အထဲကလား ဟုတ်လား ဘယ်နားကလဲ "

"အင်း..အထဲက ..."

အထဲကပူပါတယ်ပြောတော့ ယောင်ယမ်းပြီး မှုတ်ပေးနေတဲ့ ကျွန်တော်က ဒီလူပြောသလို တကယ်ငတုံးနဲ့ တူတယ် ။

"မ ...မဟုတ်ဘူး ငါပူတာက လိုချင်လို့ ..."

"ဗျာ...ဘာလိုချင်တာလဲ "

"ဟို ဟိုဟာ..မင်း မမြင်ဘူးလား ငါ့ဟာက..."

ဟင် ...သူအရာလေးရှိတဲ့နေရာကို ပါးစပ်ကမပြောပဲ လက်ညှိုးလေးထိုးပြနေတာ...။တကယ်လည်း အကောင်ပေါက်လေးက ဇွတ်ထကြွနေပုံပဲ ဖုဖောင်းနေတာ..။ဒါကြောင့် မူမမှန်ဖြစ်နေတာနေမှာ..။အစကတော့ သူလိုချင်တာကို တိုက်ရိုက်မပြောရဲလို့ ကွေ့ဝိုက်ပြနေတာကို ကျွန်တော်ကမသိ ။'မောင်' လို့ခေါ်လိုက်ကတည်းက တစ်ခုခုလိုချင်နေတယ်ဆိုတာ သိသော်လည်း ဒီလိုတော့မထင်မိ ..။ဒီလိုအဖိုးတန်တာလေးကို လိုချင်တဲ့အချိန်ဆို ကျွန်တော်ကပဲ ချော့မော့တောင်းခဲ့ရတာ ..။

ချွေးဇောတွေပါ ပြန်ပြီး အခြေအနေမဟန်တော့တဲ့ပုံမို့...

"အင်း..အဆင်ပြေသေးတယ်မလား ကျွန်တော်သက်သာအောင် လုပ်ပေးမယ်..."

"အင်း..."

"ဒါဆို ကျွန်တော် ပန်းကန်ပြီးအောင်ဆေး.. "

"မင်း..ဒီချိန်မှာ မင်းက ပန်းကန်ပြီးအောင်ဆေးချင်သေးတာလား... "

"ကျွန်တော်.. မဟုတ် "

"အင့်ဟာ.. !"

အ!

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now