အခန်း၂၀

Start from the beginning
                                    

ညဏ်သည် ကော်ဖီနံ့လေးတွေ သင်းနေသော
ထမင်းစားခန်းထဲကို အနံ့လေးတွေ ရှုရှိုက်ရင်းဝင်လာသည်။ ဘေစင်ခုံမှာ ဓားတစ်ချောင်းနဲ့ဘာတွေ လှီးချွတ်နေလဲ မသိ၊ သူ့ဝင်လာတာကိုသတိထားမိပုံမပေါ်....။

    ''ပြွတ်...မွှေးနေတာဘဲကွာ..မိန်းမက ''
   
သူမရဲ့ ခန္ဓာကိုယ်နွေးနွေးအိအိလေးကို နောက်ကနေ သိမ်းကျုံးပွေ့ဖက်ရင်း ပါးပြင်လေးကို နမ်းရင်း ညဏ်က ပြောသည်။ သူမလေးဆီက ရတဲ့ချစ်စရာအနံ့လေးသည် နှစ်သက်ဖွယ်။

  ''ကော်ဖီဖျော်ထားတယ်၊ ဖက်ထုပ်ကြော်နဲ့
  မောင် ကြိုက်တယ်မလား...''
 
  ''မောင်က မိန်းမ ဘာကျွေးကျွေး ကြိုက်ပြီးသား၊အဟွန်း...''
 
စိတ်ထားက ပြုံးပြီး လက်ထဲက ဓားလေးကို ချပြီး မောင့်ဘက်ကို မျက်နှာချင်းဆိုင် လှည့်သည်။မောင်ရဲ့ မြင့်မားသော အရပ်ကို မမှီသာမို့ ခြေဖျားလေး ထောက်ကာ မေးဖျားလေးကိုလှမ်းနမ်းလိုက်သည်။ မထင်မှတ်ထားတဲ့ အပြုအမှုကြောင့် မောင်က ကျေနပ်ပီတိမျက်နှာကြီးနဲ့သူမရဲ့ ခါးလေးကို သိမ်းပွေ့သည်။

   ''ချစ်လိုက်ရတာကွာ....ပြွတ်စ်...''
  
ညဏ်သည် သနပ်ခါးနံ့လေးသင်းနေသော မ ရဲ့နဖူးလေးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။
မည်းနက်ကော့ညွှတ်နေသော မျက်တောင်ရှည်ကြီးတွေနဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ သူ့ကို ပြုံးကြည့်နေတဲ့ ''မ''ရဲ့ ပုံစံလေးသည် သူ့ရဲ့အသည်းတွေကို တဖြုတ်ဖြုတ်ကြွေရသည်။

   ''မနက်မုန့် စားမယ်လေ...မောင်..''

  ''အင်း...စားမယ်၊ ပြီးရင် ''မ''ကိုရော စား
  လို့ရမလား...''

ညဏ်က ကော်ဖီတွေငှဲ့ထည့်ပေးနေသော သူမလေးကို စသည်။  နှုတ်ခမ်းဖူးဖူးလေးကို ဖိကိုက်ပြီး မကျေမနပ်ပြန်ကြည့်နေတဲ့ ပုံလေးကလည်းဒီကောင်ရင်တွေ အဆမတန် ခုန်ရတယ်ဆိုတာသူ့ကိုယ်သူ အသိပင်။

    ''မောင်နော်...မသထာချင်အောင် လာမစနဲ့''

   ''ဟားဟား....စတာပါကွာ...အဟွန်း...''

ညဏ်က ရယ်ပြီး ပန်းကန်ထဲက ဖက်ထုပ်လေးကို တူနဲ့ ညှပ်ကာ သူမလေးကို ခွံပေးသည်။ ပြီးမှသူက ယူစားသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now