အခန်းကကြီးသည့်အပြင် ပစ္စည်းတွေအများကြီးရှိနေသောကြောင့် အဖွဲ့နှစ်ဖွဲ့မှာသေတ္တာတွေကိုအမြန်လှန်လှောပြီး သော့ရှာပုံတော်ဖွင့်ရတော့သည်။သူတို့ကြာဖွေနေကြတုန်း ရုတ်တရက်ကြီးမီးကပျက်သွားလေ၏။လူတိုင်းက အထိတ်တလန့်ဖြင့်တစ်ယောက်တစ်ပေါက်အော်ကြတော့သည်။

"ဘာဖြစ်တာလဲ။ဘာလိုမီးပျက်သွားတာလဲ! မီးပြန်ဖွင့်ပေးပါ"

သူတို့အဲ့လိုပြောလိုက်သည်နှင့် မီးကတဖန်ပြန်လင်းလာ၏။

ယွီအန်းယီကတော့ ကြောက်လည်းကြောက်သလိုအံဩနေ၏။

"ဘာတွေဖြစ်ကုန်တာလဲ။ဗို့အားမတည်ငြိမ်လို့များလား"

သူမရဲ့ကြေကွဲသံကြီးဆုံးသွားချိန် အခန်းထဲမှအသံကြီးတစ်ကြားလိုက်ရ၏။

"ရှစ်ရှစ် အခန်းထဲကထွက်ပေးပါ"

ယွီအန်းယီ : ????????

သူမခမျာ ကျိချင်းကျိုးဘက်လှည့်ကြည့်ရတော့သည်။

"ဘာတွေဖြစ်နေတာလဲဟမ်"

ကျိချင်းကျိုးလည်း နားမလည်သဖြင့် လျန်ကျင်းရှင်ကိုကြည့်လိုက်သည်။လူတိုင်းကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရှစ်မိုကတော့ သူ့ကိုယ်သူ လက်ညှိုးထိုးရင်းမေးလာသည်။(ရှစ်ရှစ်=ရှစ်မို)

"ငါအခန်းထဲကထွက်ရမယ်လို့ပြောချင်တာလား"

ထိုနောက်မှာတော့ အပေါ်ဘက်က ရှင်းပြချက်ကြီးကိုကြားလိုက်ရသည်။

‹ ပထမအဆင့်နှစ်ဆင့်ကိုအောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့ကြတဲ့ အဖွဲ့နှစ်ဖွဲ့က ကစားသမားများကို ဂုဏ်ပြုပါတယ်။အခုဆို ဆင့်ပွားဇာတ်ကွက်လည်းစတင်ပွင့်လာပါပြီ။မင်းတို့အုပ်စုထဲမှာ ဒီလျှို့ဝှက်အခန်းပိုင်ရှင် ပုန်းနေပါတယ်။သူ့လျှို့ဝှက်ချက်တွေမပေါက်ကြားဖို့အတွက် တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိမ့်မယ်။အသတ်ခံရတဲ့လူတွေကတော့ အခန်းထဲကထွက်ပြီး အနားယူတဲ့နေရာမှာဂိမ်းပြီးတဲ့အထိစောင့်နေပေးရပါမယ်။သည်လျှို့ဝှက်ခန်းက လွတ်မြောက်ဖို့ မှတ်စုစာအုပ်ပိုင်ရှင်ကို ရှာပြီးလက်ထိပ်ခတ်ဖမ်းရပါမယ်။အောင်မြင်တဲ့အသင်းက အမှတ်နှစ်မှတ်ရမှာဖြစ်ပြီး အသင်းထဲက အသင်းဝင်တွေအကုန်အသတ်ခံရရင်တော့ တစ်ဖက်အသင်းကအနိုင်ရမှာဖြစ်ပါတယ်›
 
"ဘာလို့ဆင့်ပွားတွေဘာတွေရှိနေရတာတုန်း"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Dove le storie prendono vita. Scoprilo ora