အခန်း၁၇

Start from the beginning
                                    

မောင်က နဖူးလေးကို မြတ်နိုးစွာနမ်းပြီး၊ ပြီးတော့ပါးလေးကိုလည်း နမ်းသည်။ ရီဝေစွာ စိုက်ကြည်နေတဲ့ မောင်ရဲ့ မျက်နှာကို မသိချင်ယောင်ဆောင်ကာ စိတ်ထားက ရင်ခွင်ထဲမှာ ခေါင်းလေးမှီပြီးငြိမ်သက်လိုက်ပြီး ...။

   ''အဲ့ဒါဆို...ဒီဆိုဖာပေါ်မှာ ''မ'' အိပ်မယ်၊ မောင်က အခန်းထဲမှာ အိပ်...''

''မရဘူး...မောင်နဲ့အတူ အိပ်ရမယ်...''

''အို....''

ညဏ်သည် ပြောလည်းပြော သူမရဲ့ ခန္ဓာကိုယ်လေးကို ဆက်ခနဲ ပွေ့ကာ အိပ်ခန်းတံခါးကို ပုခုံးနဲ့တိုက်ဖွင့်ပြီး ခုတင်ပေါ်က မွေ့ယာကြီးပေါ်ကို ညင်သာစွာ ချပြီး သူပါအတူဝင်ထိုင်ကာဖက်လိုက်သည်။

''မ..ကလည်းကွာ ..မရက်စက်ပါနဲ့ ''

ပန်းရောင်သမ်းနေတဲ့ မျက်နှာလေးကို စိုက်ကြည့်ပြီး ညဏ်က ပြောသည်။ ချစ်စရာ မျက်နှာနုနုလေးကို ကြည့်ပြီး သူ့မှာ ရင်တွေခုန်နေရသည်။

  ''ဟင့်အင်း...မဖြစ်ဘူး...မောင် ''

  ''ကဲ...ကြာတယ်ကွာ....''

''အို...မောင်နော်..ဟင့်အင်းဆို...''

စိတ်ထားရဲ့ ကိုယ်လေးကို ခုတင်ပေါ် ဆွဲလှဲပြီးမောင်က အနမ်းတွေ ပေးသည်။ ရုန်းကန်နေတဲ့သူမရဲ့ ကိုယ်လေးကို သူရဲ့ လက်များနဲ့ ချုပ်လိုက်ပြီး မျက်နှာဝင်းဝင်းလေးကို စိတ်ရှိတိုင်း ကြမ်းရှစွာ အနမ်းတွေ ခြွေနေသည်။မောင့်ရဲ့ စီးကရက်နံ့သင်းနေသော နှုတ်ခမ်းက သူမရဲ့ နှုတ်ခမ်းလေးကို အပေါ်တစ်လှည့်၊ အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်နေပြီး ခဏနေတော့ ရပ်လိုက်သည်။
အဲ့ဒီတော့မှ စိတ်ထားလည်း စကားပြောဖို့ ရသွားသည်။

    ''အဲ့ဒါကြောင့် အတူမအိပ်ချင်တာ ၊
    အခုဖယ်ပေး...နင့်ကို မယုံတော့ဘူး....''

သူ့ရင်ခွင်ထဲက ရုန်းထွက်ကာ ချက်ချင်းထထိုင်ပြီး ''မ''က ရန်တွေ့သည်။ ညမီးရောင် အောက်မှာ ဆံပင်လေးတွေက ကပိုကရိုဖြစ်နေပြီး ဂါဝန်ဖားဖားလေးနဲ့ ''မ ''ကို ကြည့်ပြီး ညဏ်ရဲ့ ရင်ထဲမှာမီးဟုန်းဟုန်း တောက်နေသည်။

  ''မနက်ဖြန်ဆို လက်မှတ်ထိုးမှာလေကွာ....
   ''မ''ကဘာတွေ မယုံတာလဲ...''

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now