အခန်း၁၄

Start from the beginning
                                    

   ''ဆရာမ...ဒီထဲက လူနာရော...''

''သြော်...အခုလေးတင် အပြင်ထွက်သွားပြီ
ရှင့်''

နာ့စ်မလေးပြောပြတယ်ဆို သူ့မှာ လိုက်ရှာရသည်။ ဆုံးသွားတဲ့ ကြီးကြီးမြတ်ရဲ့အခန်းထဲမှာချုံးပွဲချပြီး ငိုနေတဲ့ သူမလေး။ တစ်မျက်နှာလုံးနီရဲကာ မျက်ရည်တွေ ကျပြီး ပုခုံးလေးတွေပါတုန်နေအောင် ငိုနေတဲ့ သူမရဲ့ ကိုယ်လေးကို ညဏ်က ပုခုံးလေးက ဖက်ပြီး မျက်ရည်တွေသုတ်ပေးသည်။

    ''တိတ်ပါ..မ ရယ်၊ မငိုနဲ့တော့နော်...အခုဘာမှအားငယ်စရာမလိုဘူး...မ ရဲ့ ဘေးမှာ မောင်တစ်ယောက်လုံး ရှိတယ်...''

  ''အဟင့်...ဟင့်...အီး...''

ထိုနေ့က တစ်နေ့လုံး မျက်နှာလေးတွေလည်းဖောင်းပြီး မရပ်မနား ငိုနေတဲ့ မကို ကြည့်ပြီး
ညဏ်လည်း အတော်စိတ်မကောင်းဖြစ်ရသည်။မိဘညီအစ်ကိုမောင်နှမ မရှိတော့ဘဲ တူအရီးနှစ်ယောက်ဘဲ ရှိတော့ သူမလေး ဘယ်လောက်အထိ အားငယ်ဝမ်းနည်းနေမလဲဆိုတာ သူ အသိပါ။

ကြီးကြီးမြတ်ရဲ့ ရက်လည်ဆွမ်းသွပ်လည်းပြီးလို့ မန္တလေးက အမျိုးတွေလည်း ဒီနေ့ ပြန်ကြမှာဖြစ်သည်။ စဖြစ်တဲ့ နေ့ကတည်းက ရောက်လာကြပြီး ၁ပတ်ကြာအထိ နေပြီကြပြီမို့ ပြန်မဲ့သူတွေကို ဆွဲမထားရက်ပါဘူး။ ဒါပေမဲ့ စိတ်ထားရဲ့ရင်ထဲမှာ အားငယ်နေရတာတော့ အမှန်ဖြစ်သည်။

''သမီး...လိုက်လည်ပါလားကွယ်၊ ဒီမှာတစ်ယောက်တည်း ဖြစ်ပါ့မလား.....''

စိတ်ထားရဲ့ အနားလာထိုင်ကာ အန်တီချစ်က လာမေးသည်။ ဟိုရက်က မန္တလေးမှာ လိုက်ပြောင်းနေဖို့ ပြောပေမဲ့ စိတ်ထားက သဘောမတူခဲ့ပါ။

''အဟင်း..နောက်ကြရင်တော့ လာလည်မယ်လေ၊ အခုတော့ သမီးဘာသာ အေးဆေးပဲ နေချင်သေးလို့...မလိုက်တော့ဘူးနော် အန်တီချစ် ''

''အေးပါကွယ်...သမီးသဘောပါ၊ အချိန်မရွေး
အန်တီတို့ဆီ လာနေလို့ ရတယ်နော်.... ''

  ''ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် အန်တီချစ်''
 

ဆွေမျိုးသားချင်းတွေလည်း ပြန်သွားကြပြီး
အိမ်ထဲမှာလည်း တိတ်ဆိတ်သွားရသည်။ အိမ်ရှေ့က ဆက်တီခုံမှာ စိတ်ထား တစ်ယောက်တည်း ခပ်ငိုင်ငိုင်လေး ထိုင်နေလိုက်ပြီး ရှေ့ဆက်ရမဲ့ ဘဝမှာ တစ်ယောက်တည်းဖြတ်သန်းဖို့ စဥ်းစားရင်း အတွေးတွေက လွင့်မျှောနေရသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now