မကြာသေးတဲ့အချိန်လေးမှာတောင် ဒီလူနဲ့အတူရှိနေတဲ့ နေ့ရက်တိုင်းဟာ ရက်ရာဇာတွေလို ကောင်းကောင်မွန်မွန်။ အမှတ်တရဆိုတာ အခြားသူတွေက ဘယ်လိုသတ်မှတ်တတ်ကြသလဲ ။ခရီးသွားရင် လက်ဆောင်လေးတွေ၀ယ်တာ အမှတ်တရလား ။ဓာတ်ပုံလေးတွေ ရိုက်လာခဲ့တာ အမှတ်တရလား ။စာလေးတွေ ရေးမှတ်တာက အမှတ်တရလား ကျွန်တော်တကယ် အတတ်မသိ ။ကျွန်တော်သိတာက ဒီလူနဲ့အတူရှိနေတာက အမှတ်တရပဲ ။အမှတ်တရနေ့စွဲလေးဆိုရင် အတူစဆုံခဲ့တဲ့နေ့လေးက စရီမယ် ။အချိန်တိုင်း စက္ကန့်မလပ် ဒီရှင်သန်ရာလေးကို မှတ်သားနေခဲ့တာ ။အဆုံးတိုင်ထိလည်း မှတ်သားနေအုံးမှာပဲ ..။
******
ဒီနေ့တော့ ကျွန်တော်ခွင့်ရက်ရတဲ့နေ့..။
တချို့အချိန်တွေဆို အလုပ်တွေကြိုးစားလုပ်နေတဲ့ ကျွန်တော်က အဆူခံရသေးတာ... ။
အဲ့လိုအချိန်မျိုးတွေဆို 'ကျွန်တော်က အိမ်ထောင်ဦးစီးလေ မလုပ်ဖို့မဖြစ်ဘူး 'လို့များ ပြန်ပြောရင် သူ့ကိုအနိုင်ယူပြောတယ်ထင်ပြီး လက်သီးဆုပ်သေးသေးလေးတွေနဲ့ တရစပ်ထုသေးတာ .. ။ကျွန်တော် ပင်ပန်းမှာစိုးလို့ ပြောတာသိသော်လည်း ကြိုးစားနေတာတွေအားလုံးက ကျွန်တော့်ရှင်သန်ရာလေးဖြစ်တဲ့ ခင်ဗျားအတွက်ပါပဲ ... ။"မင်း.. ငါပြောစရာရှိတယ် "
"အင်း.. ပြောလေ "
တစ်မနက်လုံး တီဗွီထဲ မျက်နှာစိုက်မတတ်၀င်သွားအောင်ကြည့်နေတဲ့သူက ဆိုလာသည် .. ။
ဘေးကနေ လက်ပြုတ်မတတ် သစ်သီးတွေထိုင်ခွာပေးနေတဲ့ ကိုယ့်ကို အဖက်မလုပ်လို့ မမြင်ဘူးထင်နေခဲ့တာ ။စားသာစားနေတာ ကျွန်တော့်ကို ခုမှစကားပြောတဲ့ အဆိုးလေး ။ဒါကိုလဲ ကျွန်တော်က ချစ်မ၀ပါပဲ... ။"ပြောမယ်ဆိုလဲ ... ဒါလေးကုန်အောင်စားလိုက် "
"အင်း.. မင်းခွာပေးတဲ့ သစ်သီးတွေကစားလို့ကောင်းတယ် "
"တကယ်လား... ဒါဆို သစ်သီးတွေချိုတာထက် ခွာပေးတဲ့သူက ပိုချိုနေလို့ထင်တယ် "
"ပေါက်ကရ.. ပြောတော့မယ် သစ်သီးတွေက လက်ဆတ်လို့လေ "
"ဟုတ်လို့လား... ခွာပေးတဲ့သူကို ချစ်နေလို့ ချိုနေတာမလား.. "
![](https://img.wattpad.com/cover/317528845-288-k240391.jpg)
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"