အခန်း၅

Start from the beginning
                                    

''ဟိုဆော်လေးက one night stand နေမလားတဲ့...မင်းကို ''

ညဏ်ရဲ့ နားကို ကပ်ပြောလိုက်တာက ခဲတံရယ်ပါ။ ဒီကိုလာရင် ခဏခဏ ကြားနေရတဲ့ စကားပေမဲ့ အဲ့ဒီကိစ္စနဲ့ ပတ်သတ်ရင် ညဏ်သည် စည်းထားသည်။ ခပ်ကဲကဲကောင်လေး ဖြစ်ပေမဲ့ လုံးဝရေမရောရသေးတဲ့ လူပျိုလေးဆိုတာ ကိုယ့်ကိုသာ အသိဆုံးဖြစ်သည်။

''အဟွန်း...no...no....''

ခဲတံက ဘီယာထပ်မော့ချပြီးမှ ညဏ်ဘက်က ညင်းလိုက်တာကို ခေါင်းပြန်ငြိမ့်ပြီး အဲ့ဆော်လေးနဲ့ သွားကနေပြီး ဘာတွေကပ်ပြောနေလဲမသိ..။

''ဟိုခွေးသားကို သွားခေါ်အုံး...Aကိုက်နေမှ
သေအုံးမယ်....''

ညဏ်က မူးနေတဲ့ ခေါင်းကို ခါထုတ်ရင်း သူငယ်ချင်းဖြစ်သူ ခဲတံကို စိတ်ပူသလိုပြောသည်။ ဒီကောင်က အဲ့လိုကိစ္စတွေဆို တွေ့မရှောင်ကောင်မို့ ညီသုကို ပြောပြီး သွားခေါ်ခိုင်းရသည်။

''မင်းယောက်ဖက ဘယ်ပျောက်သွားလဲမသိဘူး....''

''ကျွတ်...အချိန်မနည်းတော့ဘူးဟ ...''

ညဏ်က မျက်လုံးများအနည်းငယ်ရဲနေကာ အနည်းငယ် ရေချိန်ကိုက်နေသည်။ ဘောင်းဘီရှည်အနက်နှင့် ရှပ်အင်္ကျီအဖြူကို လက်ခေါက်ပြီးဝတ်ထားတဲ့ ညဏ်ဟာ အရပ်ခပ်မြင့်မြင််နဲ့မို့ အများထဲမှာ ထင်းနေသည်။ ကျစ်လစ်သောခန္ဓာကိုယ်အချိုးအစားနဲ့ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ပြီး လမ်းလျှောက်ပုံကအစ တကယ်မိသည်။ ဆံပင်တွေက အနည်းငယ်ပွနေပေမဲ့
ရုပ်မဆိုးဘဲ နဖူးပေါ် ကပိုကရို ကျနေတာက
သူ့ကို ပိုပြီး ဆွဲဆောင်မှုဖြစ်စေသည်။

''ယူ အရမ်းချောတယ်...အတူကမလား...''

''ဟေ့... ဘယ်သူ့ကိုရှာနေတာလဲ၊ အဖော်မရှိရင် အတူတွဲကမလား...''

''ကျွတ်စ်...''

အနားကပ်လာတဲ့ အသံတွေကို စိတ်ရှုပ်စွာ ကျွတ်သပ်လိုက်သည်။ ဟိုခွေးသားလေးကို လူအုပ်ကြားထဲ လိုက်ရှာရတာ ညဏ်ရော ညီသုရော ဒေါကန်လာရသည်။

''ဟိုမှာ...ဝမ်းမနာသား ဝဲစားလေး....''

ညဏ်က ခါးထောက်ရပ်ပြီး မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ကြည့်လိုက်သည်။ ဆော်လေးနှစ်ယောက်အလယ်မှာ လုံးဝ အပီအပြင်ကနေတဲ့ ခဲတံ။ သူကြည့်နေတုန်းမှာ ညီသုက ဝင်သွားပြီး အနားကပ်ပြောပြီး ခဏအကြာမှ အတူပါလာသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now