အခန်း၄

Începe de la început
                                    

ဆံပင်ရှည်တွေ တနွဲ့နွဲ့ ၊ ပြေပြစ်တင်းပြည့်နေတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အပြင်ထွက်သွားတဲ့မ ရဲ့နောက်ကျောလှလှလေးကို ကြည့်ပြီး ညဏ်သည် သက်ပြင်းဖွဖွချကာ ထမင်းစားခြင်းကိုလက်စသတ်လိုက်သည်။

''မင်းက တော်ပြီလားဟ ၊ ထမင်းတွေအများကြီး ကျန်သေးတာကို..''

''အင်း....''

ညီသုကတော့ သူ့အကြောင်းကို ရိပ်မိသလို ခွီးခနဲရယ်သည်။ အခုဆိုရင် အိမ်လည်ရုံသာမက ထမင်းပါ လာစားနေတဲ့ ညဏ်ဟာ တကယ့်ကိုအချစ်ရူး သမားဖြစ်နေသည်။

>>>>>>>>>

''တောက်...''

ခေါ်မရတဲ့ ဖုန်းကို ထပ်ခါထပ်ခါ ခေါ်နေပြီး နောက်ဆုံးမှာ စိတ်တိုလာရကာ ခပ်ပြင်းပြင်းတောက်ခေါက်လိုက်သည်။ဘေးနားက ဖြတ်သွားတဲ့ မေမေက လှည့်ကြည့်ပြီး မျက်မှောင်ကုတ်မှ..။

''ဆောရီး..မေမေ့ကို ခေါက်တာမဟုတ်ဘူးနော်၊ ဖုန်းကို ခေါက်တာ...အဟွန်း..''

ဒေါ်သူဇာလင်း လက်ထဲက ကိုင်လာတဲ့ ပုဆိုးတွေကို ဘေးနားအသာချပြီး သားရဲ့အနားကပ်ထိုင်လိုက်သည်။

''ဒီနေ့ရော ကျောင်းမသွားဘူးလား..သား''

''အင်း...ဒီနေ့က အရေးမကြီးလို့ ''

ညဏ်က ဖုန်းကြည့်နေပေမဲ့ ခေါင်းထဲမှာ အကြံထုတ်နေမိသည်။ သူရဲ့ဖုန်းကို blacklistလုပ်ထားတဲ့ သူမလေးရဲ့အနားကို ဘယ်လို ချဥ်းကပ်ရမလဲဟု တွေးရင်း....။

''မေမေ..အဲ့ဒီပုဆိုးတွေက ချုပ်ပြီးသားလား''

ဒေါ်သူဇာလင်းဘေးနားက ပါကင်အိတ်ထဲက ပုဆိုးနက်ပြာတွေကို ကြည့်ပြီး ညဏ်က အကြံရသွားသလို မေးသည်။

''မချုပ်ရသေးဘူး...သားက အရပ်ရှည်တော့
ကွင်းအကြီးတွေ ယူလာတာ ပြန်ချုပ်ရမှာ.. ''

''ဟုတ်ပြီ..အဟွန်း...ဟွန်း...''

''ဘာတွေဟုတ်နေတာလဲ...သားက ''

ပုဆိုးထုပ်တွေ လှမ်းယူပြီး ပြုံးနေတဲ့ သားကို
ကြည့်ပြီး ဒေါ်သူဇာလင်းက မေးလိုက်သည်။

''သြော်...ကျွန်တော့်သူငယ်ချင်းမလေးက
ပုဆိုးအလကား ချုပ်ပေးမယ်ပြောလို့..အဲ့ဒါ''

ချိုမြိန်သော ရင်ခုန်သံ (completed)Unde poveștirile trăiesc. Descoperă acum