အခန်း၃

Začít od začátku
                                    

''ငါ နောက်ရက်ကစပြီး လိုက်မယ်ကွာ၊ မ ရဲ့
အချစ်ကို မရရအောင် ယူပြမယ်''

ညဏ်က ပြောရင်ပြောသလို လုပ်တက်သူမို့
ညီသုနဲ့ ခဲတံက မျက်ခုံးများမြင့်သွားကြသည်။

''မင်းနော်..အပျော်ဆိုရင်တော့ မလုပ်ပါနဲ့ဟ
မမမြတ်က တန်ဖိုးရှိတဲ့ မိန်းကလေးကွ ''

ခဲတံက စိတ်ပူသလိုပြောသည်။ အိမ်နီနားချင်း ခင်မင်နေတဲ့အစ်မမို့ မျက်နှာပူရမှာ သူမလိုလားပါ။ ဒါအပြင် သူရဲ့မာတာမိခင်သိရင်လည်း သတ်မှာဖြစ်သည်။

ညဏ်က သူရဲ့ ရင်ဘက်ကို ပုတ်ပြရင်း.... ။

''အပျော်ကြံစရာလားကွ.. တကယ်အတည်၊
ဒီရင်ဘက်ကြီးက တောင်းဆိုနေတာနော်...''

''အဟွန်း...မင်းရဲ့တစ်ဝမ်းကွဲယောက်ဖကို
ယုံလိုက်ပါကွာ...''

ညီသုက ခဲတံရဲ့ ပုခုံးကို လှမ်းဖက်ရင်းပြောသည်။
ညဏ်ကတော့ ခဲတံရဲ့ ဖုန်းကို ယူကာ ဖုန်းနံပါတ်ပါ လိုက်ရှာနေပြီး မအားလပ်အောင်ဖြစ်နေရသည်။

''ဒီမှာ ဝယ်ကျွေးတာတွေ မြိုနေပြီးရင်..ဖုန်းနံပါတ်ပေးအုံးလေကွာ၊ ရှာတာလည်း မတွေ့ဘူး''

ညဏ်က စိတ်မရှည်သလို ဖုန်းကို ပြန်ထိုးပေးရင်း ခဲတံကို ပြောသည်။ facebookမှာ နာမည်ရိုက်ရှာလည်း မတွေ့တော့ ဘယ်လိုလုပ်ရမလဲတောင်
မသိတော့ချေ။

''မရှိဘူးဟ..ညနေပြန်မှ မေမေဖုန်းထဲက ကြည့်လိုက်မယ်..''

''အခုဖြစ်ဖြစ် စကားတောင် သွားပြောချင်နေပြီကွာ...ငါက စောင့်ရတဲ့အလုပ်ဆို မုန်းတယ်''

''မင်းကလည်း...ဇွတ်ဘဲ နေပါအုံးဟ၊ မနေ့ကမှ တွေ့တယ် အခုစကားဘယ်လိုသွားပြောမလဲ..တော်ကြာ ပါးရိုက်လွှတ်မှ ထမင်းမစားနိုင်ဖြစ်မယ်''

ညီသုက ခပ်ရွဲ့ရွဲ့ ကြည့်ပြီး အသည်းအသန်ဖြစ်နေတဲ့ ညဏ်ကို ပြောလိုက်သည်။

''မ ရဲ့ လက်ဖဝါးလေးနဲ့ အရိုက်ခံချင်လွန်းလို့ ဘယ်လိုလုပ်ရမလဲ အဟွန်း...''

''ရောဂါက မရတော့ဘူး..ဟားဟား...၊ချက်ချင်း ''မ ''ဖြစ်သွားတာနော်...''

''မ မှ ပြန်မချစ်ရင် ဘဝပျက်မဲ့ကောင်လေးပါ''

''ဟားဟား...ဖိုးညဏ်. ဖိုးညဏ်..ကုရနတ္ထိ ဆေးမရှိဖြစ်နေပြီ....''

ချိုမြိန်သော ရင်ခုန်သံ (completed)Kde žijí příběhy. Začni objevovat