Chapter-23 Part-1 (U&Z)

3.4K 127 6
                                    

Chapter-23
When Love Lasts
Unicode

နံနက်ခင်းနေရောင်ခြည်နုနုက မ‌ဒီ့မျက်နှာပေါ်သို့ကျရောက်လာတာမို့ မဒီမျက်လုံးတွေလွန့်လူး၍ ပွင့်ဟလာခဲ့သည်။မျက်လုံးဖွင့်ဖွင့်ချင်း ရှေ့မှာမှန်အကြီးကြီးရှိနေကာ လိုက်ကာဖွင့်ထားတာမို့ နေရောင်ခြည် နှင့် အလင်းဒဏ်ကို မဒီ့မျက်လုံးများကချက်ချင်းမကြည့်နိုင်သေးပဲ ဖြေးဖြေးချင်းဖွင့်ကြည့်မှသာ အကြည်အလင်မြင်လိုက်ရသည်။မျက်လုံးများကို လက်ဖြင့်ဖွဖွပွတ်သပ်နေရင်း အောက်ပိုင်းမှကျိန်းစပ်နေမှုကတစ်ရိပ်ရိပ်တက်လာခဲ့သည်။

"အာ့"

နာကျင်မှုကြောင့် ဦးနှောက်ကိုအလုပ်လုပ်လိုက်တော့ မနေ့ကဖြစ်ရပ်များဟာ မှတ်ညဏ် projector မှာတစ်စ တစ်စ ပေါ်လာခဲ့သည်။မဒီ့မျက်နှာလေးဟာ ပူနွေး၍ ရဲတွတ်ကာသွား ‌ဘေးဘက်ကိုကြည့်လိုက်တော့ မြတ်ဘုန်းရှိမနေပါ။

"ကျွီ"

ရုတ်တရပ် Bathroom တံခါးကပွင့်လာကာ အထဲမှထွက်လာသူက မြတ်ဘုန်းရယ်ပါ။‌ခန္ဓာကိုယ်အောက်ပိုင်းကို တဘက်တစ်ထည်ပတ်ထားကာ အပေါ်ဘက်က ရင်အုပ်တွေဟာ တောင့်တင်းသော မာဆယ်များနှင့်အတူ ရေစက်တွေတွဲလွဲခိုနေသည်။ရေစိုနေတာ‌၍ အနောက်ကိုလှန်သိမ်းထားတဲ့ဆံပင်ကြောင့် မျက်နှာချောချောကို အရှင်းအလင်းမြင်လိုက်ရကာ ရေချိုးပြီးစမို့နဲ့တူ၏။မျက်နှာဟာဝင်းနုနေသည်။မဒီ့ရဲ့တစ်ဒုတ်ဒုတ်မြည်နေတဲ့ နှလုံးခုန်သံများဟာ မဒီ့ရင်ဘတ်မှာပေါက်ထွက်သွားတော့မည့်သယောင် အတိုင်းအဆမရှိစွာခုန်ပေါက်လာခဲ့ကာ မနေ့ညက အရိုင်းဆန်ကာ မဒီ့နာမည်ကို အားပါပါဖြင့်ခေါ်ကာ ညီးခဲ့တဲ့ မြတ်ဘုန်းမျက်နှာကိုပြန်၍မြင်ယောင်လာပြီး မဒီ့မျက်နှာဟာ အဖျားသွေးရှိသလိုပူကျစ်လာခဲ့သည်။

"Morning ကလေးလေး"

မြတ်ဘုန်းကမဒီ့ကို နွေးထွေးနေတဲ့အပြုံးများဖြင်နှုတ်ဆက်သည်။

"ကိုယ့်ကိုနာတာကျင်တာတွေရှိရင် ပြောနော်"

"ဟင်..အင်း"

"အဟွန်း...ကိုယ့်ကိုဗီရိုထဲက တဘက်တစ်ထည်ယူပေးမလား"

မြတ်ဘုန်းကကုတင်ဘေးမှာရှိတဲ့ မှန်တင်ခုံနဲ့ကပ်လျက် ဗီရိုကိုမေးငေါ့ပြသည်။

When Love Lasts (OC)Where stories live. Discover now