Chapter-14 (U&Z)

4.2K 152 3
                                    

Unicode
Chapter-14

မဒီမနေ့ညကအိမ်‌ပြန်ရောက်ရောက်ချင်း ရေချိုးပြီးကတည်း နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားကာ ဒီနေ့မနက် 7 နာရီကျော်မှ နိုးသည်။ဒီနေ့မနက်တော့စိတ်တွေကြည်လင်နေကာ ဝရန်တာမှာစိုက်ထားတဲ့ အပင်အချို့ကို ရေလောင်းကာသီချင်းလေးညည်းနေမိသည်။

"သူမသိလည်း လွမ်းနေပြီ..သူမသိလည်းချစ်နေပြီ....တကယ်ဘာကိုမှလေမမျှော်လင့်ခဲ့ပါ"

"ကလင် ကလင်"

"အမလေး ပလုတ်တုတ်"

သီချင်းအေးအေးလေးနဲ့အရှိန်ကောင်းနေတုန်း ဖုန်းသံကဝင်လာတာမို့ မဒီလန့်သွားသည်။ဖုန်းရဲ့
Contact name ကြည့်လိုက်တော့ အမေဖြစ်နေတာမို့ လှမ်းကိုင်လိုက်ကာ

"ဟယ်လို မေမေလား"

"အေး သမီးနေကောင်းလား"

"ကောင်းပါတယ် မေမေ...ဘာဖြစ်လို့လဲ"

"မဖြစ်ပါဘူး သမီးဒီတစ်ပတ်စနေနေ့အိမ်ပြန်လာမှာလို့မေးကြည့်တာ"

"ဟုတ် မေမေ ဒီတစ်ပတ်သမီးပြန်ခဲ့မှာ"

"ဟုတ်လား ကောင်းတာပေါ့ သမီးဘာစားချင်လဲ မေမေချက်ထားပေးမယ်လေ"

"အင်းး မေမေရဲ့ ငါးလေးအိုးကပ်စားချင်တယ်"

"အင်းပါ အင်းပါ မေမေချက်ထားပေးမယ်အဲ့နေ့
။အခုရောကျောင်းသွားဖို့ပြင်နေတာလား"

"ဟုတ် ရေမချိုးခင် အပင်တွေရေလောင်းနေတာ"

"အေး အေး မနက်စာလည်း စားပြီးမှသွားနော်....ညတွေဆိုလည်းနောက်ကျမှမအိပ်နဲ့"

"ဟုတ်"

"အေး အေး ဒါပဲ ပိတ်ရက်ကျပဲတွေ့မယ်"

"ဟုတ် မေ"

မေမေကအမြဲ ပိတ်ရက်ရောက်ခါနီးတိုင်းဖုန်းဆက်တတ်သည်။မဒီအိမ်ကိုပြန်လာဖြစ်မလာဖြစ်‌ မေးတာပင်။အရင်တုန်းကတော့ ပိတ်ရက်တွေဆို အိမ်သိပ်ပြန်မလာချင်ပဲ သူငယ်ချင်းတွေနဲ့လည်ရင်လည် မလည်ရင် ရည်းစားနဲ့ချိန်းတွေ့နေတတ်သည်။ပြောရရင် အိမ်ပြောင်းပြီးတည်းက မဒီအိမ်ကိုပြန်ဖြစ်တဲ့အခေါက်ကလက်ချိုးရေလို့ရတယ်။ဒီအပတ်တော့အိမ်ပြန်ချင်သည်။အရင်ကအမေပွစိပွစိလုပ်တာကို မုန်းပေမဲ့ အခုတော့ မေမေအဲ့လိုပွစိပွစိနဲ့ဂရုစိုက်ပေးတာခံချင်သည်။သွေးနုသားနုမို့ စိတ်အားငယ်နေတာလားမသိပါ။
မဒီအတွေးတွေကို လက်စသတ်လိုက်ပြီး ရေချိုးဖို့ပြင်ရသည်။

When Love Lasts (OC)Where stories live. Discover now