Chapter-9 (U&Z)

4.8K 125 7
                                    

Unicode
Chapter-9

အတန်းချိန်ပြီးသွားပြီမို့ မဒီ ကိုယ်ပိုင်ရုံးခန်းထဲဝင်ကာ ဒူးဖုံးဂါဝန်တိုအဖြူလေးကိုပြောင်းဝတ်လိုက်သည်။ဆံပင်တွေရှုပ်မနေအောင် ပြေပြေလေးစည်းထားလိုက်ပြီး ပိုက်ဆံအိတ်ထဲကအသင့်ယူလာတဲ့ powder compact လေးထုတ်ကာ ခပ်ပါးပါးပြန်ရိုက်ရသည်။ပြီးတော့ နှုတ်ခမ်းနီထပ်ဆိုးလိုက်ရင်ပြီးပါပြီ။မဒီအိတ်လေးကိုကောက်လွယ်ကာ ရုံးခန်းထဲမှထွက်လာလိုက်သည်။

"ဟယ်...တီချယ် အရမ်းလှတာပဲ။ဘယ်သွားမလို့လဲ"

"အဟွန်း မဒီသွားစရာလေးရှိလို့ပါ"

"Date လား"

"hee အဲ့လိုလည်းမဟုတ်ပါဘူး"

တီချယ်လဲ့ရည်က တော်တော်စပ်စုတဲ့လူပင်။ရုံးခန်းတစ်ခုလုံးကဆရာ/ဆရာမတွေအကြောင်းသိချင်ရင် သူ့ကိုမေးရတဲ့အထိကိုအကုန်သိတာပါ။အခုမဒီ Date သွားတွေ့မဲ့အကြောင်းကို သိမှာကြောက်လို့ မလိမ့်တပတ်ပြောနေပေမဲ့ ယုံမယ်မထင်ပါဘူး။

"မဒီ့ကိုခွင့်ပြုဦးနော် မဒီနောက်ကျနေမှာဆိုးလို့ပါ"

ထပ်စကားကြောရှည်နေရင် ပေါ်ကုန်မှာစိုးလို့ မဒီခပ်သုတ်သုတ်ထွက်လာခဲ့သည်။

အန်တီရိုစီချိန်းတဲ့နေရာက ( ) ရဲ့ အပေါ်ဆုံးထပ် မှာပင်။ လူချမ်းသာတွေ အများစုလာတဲ့နေရာဆိုလည်းမမှားပါဘူး။အပေါ်ထပ်ရောက်တော့ waiter ကောင်လေးတစ်ယောက်က

"မင်္ဂလာပါဗျ reservation လုပ်ထားတာရှိပါသလားဗျ"

"ဟုတ် table no.14 ပါ"

" အော် ဟုတ်ကဲ့ ဒီဘက်ကိုကြွပေးပါခင်ဗျာ"

"ချိန်းဆိုထားတဲ့ partner ကရောက်လာခြင်းမရှိသေးပါဘူးဗျ။ဘာများအရင်သုံးဆောင်ထားမလဲဗျ"

"ရေပဲပေးပါ"

"ဟုတ် ခဏလေးစောင့်ပေးပါနော်"

စားပွဲထိုးလေးကမဒီ့ကို ပြုံးပြကာ ထွက်သွားသည်။မဒီအပေါ်ကိုတက်တက်လာချင်း မြင်လိုက်ရတဲ့ ခမ်းနားမှုတွေကြောင့် စိတ်အိုက်လာမိသည်။အန်တီရိုစီချိန်းထားတဲ့နေရာက vip table မို့ waiter အများစုကဂရုတစိုက်ရှိကြသည်။ငါတော့လက်ခံမိတာ မှားပြီထင်တယ်။

When Love Lasts (OC)Where stories live. Discover now