Chapter-11 (U&Z)

4.6K 132 9
                                    

Unicode
Chapter-11

"ဟင့်အင်း မဖြစ်နိုင်ဘူးထင်ပါတယ်"

မဒီ ဒီနေ့တစ်နေလုံးနေလို့ထိုင်လို့မကောင်းတာမို့ ကိုယ့်ကိုမသင်္ကာကာ ပိုသေချာအောင် pregnancy test kit ကိုဝယ်စစ်လိုက်သည်။မဒီသေချာတော့ မသိပေမဲ့ test kit မှာ နှစ်ချောင်းမှိန်မှိန်‌လေးပေါ်နေသည်။

"တစ်ချို့ test kit တွေကမမှန်ဘူးလို့လည်းကြားဖူးတယ် ဟုတ်မှဟုတ်ပါ့မလား"

"မဖြစ်နိုင်ပါဘူး တစ်ခါတည်းနဲ့တော့"

မဒီဆေးစစ်တံ‌လေးကို အမှိုက်တောင်းထဲလှမ်းထည့်လိုက်ကာ လက်ဆေးပြီးမှထွက်လာခဲ့သည်။နေ့လည်ထမင်းစားချိန်မို့ Corridor တစ်လျှောက် ကစားကြတဲ့သူတွေနဲ့ မတ်တပ်ရပ်နေကြတဲ့သူတွေနဲ့ပြည့်နေသည်။တအားလည်းလူများနေတာမဟုတ်ပေမဲ့ ချွေးနံ့တွေရော လူနံ့တွေရောကြောင့် မဒီပျို့တက်လာသည်။ထမင်းမစားရသေးလို့ ထင်ပါတယ်။တစ်ယောက်တည်းလည်းမစားချင်တာမို့ ဆရာ/ဆရာမတွေနားနေဆောင်လေးထဲသွားစားဖို့သာဆုံးဖြတ်မိသည်။

"အော် တီချယ်....လာလေ ထမင်းလာစားတာလား"

"ဟုတ် မမမိုး...မဒီတစ်ယောက်တည်းမစားချင်လို့"

"အော့ အွတ်"

မဒီ့နှုတ်ခေါင်းထဲဟင်းနံ့စူးစူးကြီးကတအားဝင်လာတာမို့ အနားကဘေစင်ကိုပြေးရသည်။

"မဒီ နေမကောင်းဘူးလား"

မမမိုးကမဒီ နောက်ကျောကို ခပ်ဖွဖွထုပေးကာမေးသည်။

"အဟွတ် ဟုတ်တယ်....မမိုး"

"ဆေးခန်းမပြဘူးလား မဒီရယ်။မမိုးလိုက်ခဲ့ပေးရမလား။"

"ရတယ် မမိုး။မဒီ‌ ဒီနေ့ နေ့ဝက်ခွင့်ယူပြီး သွားလိုက်မယ်။"

"ဟုတ်ပြီ ဟုတ်ပြီ။မဒီ ဆေးခန်းသွားဖြစ်အောင် သွားနော်"

"ဟုတ် မမိုး"

_________________

"ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

"မဒီပါ အန်တီရိုစီ"

"အော် သမီးလာလေ"

"ဟုတ် မဒီ ဒီနေ့ နေ့ဝက်လေးခွင့်ယူချင်လို့ပါ"

When Love Lasts (OC)Where stories live. Discover now