Chapter-18 Heartbeats

3.5K 108 3
                                    

Chapter-18
When Love Lasts
Unicode

ဆေးရုံကထွက်လာတည်းက ကားပေါ်မှာနှစ်ယောက်လုံးတိတ်ဆိတ်‌နေခဲ့ကြသည်။မြတ်ဘုန်းကလည်း ကားကိုပဲအာရုံစိုက်မောင်းနေသလို မဒီ့ရဲ့မျက်နှာလေးမှာလည်းရဲတွတ်နေသေးသည်။
မဒီတို့ကတစ်ခါပတ်သက်ခဲ့ဖူးပေမဲ့ အဲ့ဒီ့အချိန်ကနှစ်ယောက်လုံးမူးနေကြတာမို့ စိတ်လွတ်ကိုယ်လွတ်ဖြစ်နေခဲ့ကြသည်မဟုတ်လား။မဒီ မြတ်ဘုန်းကိုရှက်လည်းရှက်မိသလို မျက်နှာလည်းပူရသည်။အခုတိတ်ဆိတ်နေတဲ့လေထုအခြေအနေကြီးကလည်း အလွန်ခက်ထန်‌နေကာ နေရခက်လှသည်။ဖြစ်နိုင်ရင် မဒီကားပေါ်ကသာဆင်းပြေးလိုက်ချင်ပါသည်။

"မဒီ"

"အမေ့"

ကိုယ့်အတွေးနဲ့ကိုယ်မို့ အသံကြားလိုက်တဲ့အချိန် မဒီ့ကိုယ်လေးတုန်သွားကာ လန့်သွားမိသည်။မြတ်ဘုန်းက‌မဒီအော်လိုက်တော့ကြောင်သွားကာ မျက်လုံးပြူးကြည့်နေသည်။

"စဉ်းစားနေတာ တစ်ခုခု ကိုမြတ်ဘုန်းကရုတ်တရပ်ခေါ်လိုက်တော့လန့်သွားတာ"

"အော်...အဟင်း.ဟို...မဒီဘာစားခဲ့ပြီလဲဟင်"

"မနက်က‌ရှမ်းခေါက်ဆွဲစားခဲ့ပါတယ် ကိုမြတ်ဘုန်းရော"

"ကိုယ်ကဒီနေ့ meeting မနက်စောစောရှိတာမို့
၇ နာရီလောက်ကပဲစားထားတာ"

"ဟင်..ရှင် အခုဗိုက်ဆာနေမှာပေါ့"

နာရီကြည့်လိုက်တော့ ၁၂ ခွဲနေပြီပင်ဖြစ်သည်။မဒီ့စိတ်ထဲအားနာသွားရသည်။ကိုယ့်ဘာသာအရှက်သည်းပြီး မြတ်ဘုန်းအပေါ်အလိုက်မသိမိတဲ့ကိုယ့်ကိုကိုယ်သာနဖူးကိုနာနာထုချင်သည်။

"အဟွန်း...အတိုင်းအထက်အလွန်ပါပဲဗျ။ဗိုက်ထဲမှာ တဂွီဂွီနဲ့ကိုမြည်နေတာ။မဒီကလည်း ဘာမှမပြောသေးတော့ ကိုယ်ကမဒီသွားစရာရှိမယ်မှတ်နေတာ"

"အဟင်းး..ဟို မဒီလည်းကိုမြတ်ဘုန်းသွားစရာရှိမှာဆိုးလို့ဘာမှမပြောတာပါ။"

တကယ်တော့လိမ်တာပါ။လွန်ခဲ့တဲ့ ၁၀ မိနစ် အတွင်းမှာ‌အဲ့လိုအတွေးမျိုးတကယ်မတွေးခဲ့ဖူးပါ။

"ကိုယ်ကအားပါတယ်။ဒီနေ့တစ်နေကုန်မဒီအတွက်အချိန်ပေးချင်လို့ အလုပ်တွေကိုအရင်ရက်တွေတည်းအောင် အကုန်သိမ်းကြုံးလုပ်ထားတာ"

When Love Lasts (OC)Where stories live. Discover now