"အားတော့နာပေမယ့် အဲ့ဒီသဘောပါပဲ"
ခဏလောက်တိတ်ဆိတ်သွားပြီး ဧည့်ခန်းထဲက လူတွေအကုန်လုံးက ရောင်နီနဲ့စေတို့ရဲ့ စကားဝိုင်းကိုပဲ အာရုံစိုက်နေကြသည်။ ရောင်နီက ကိုစေညွှန်ရာနဲ့ တည့်တည့်ထိုင်လိုက်ပြီး မျက်လုံးချင်းဆုံနေပြီးနောက် ဘာစကားမှမပြောသေးဘဲ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး
"အင်းးး ကျွန်တော်တို့ရဲ့ ဘယ်လိုအပြုအမူတွေက ကိုစေညွှန်ရာ့အပေါ် နားလည်မှုလွဲစေခဲ့လဲတော့ မသိပေမယ့် တကယ်တမ်းပြောရင် ကျွန်တော်နဲ့နှောင်းနဲ့ ခင်မင်မှုက ဆယ်စုနှစ်တစ်ခုစာ သက်တမ်းရှိနေပြီ... ကျွန်တော့်ဘက်က မရိုးသားတဲ့စိတ်၊ နှောင်းဘက်က မရိုးသားတဲ့စိတ်ဆိုတာ ရှိခဲ့ရင် ခုချိန်မှာ ကိုစေညွှန်ရာဆိုတာ နှောင်းဘဝထဲမှာ ရှိလာမှာမဟုတ်ဘူး... ကျွန်တော်တို့က သူငယ်ချင်းဆိုတာထက် မောင်နှမတွေလိုဖြစ်နေပြီရယ်... နှောင်းက ကျွန်တော်တို့အတွက် ရင့်ကျက်သန်မာချင်ယောင်ဆောင်နေတဲ့ အစ်မတစ်ယောက်လိုပဲ... ဂရုစိုက်ပေးတယ် ဖေးမပေးတယ်... ကိုစေညွှန်ရာ့ဘက်က ကျွန်တော်နဲ့နှောင်းနဲ့ကို သူစိမ်းယောကျာ်းလေးနဲ့မိန်းကလေးဆိုတဲ့ အမြင်နဲ့မကြည့်ဘဲ မောင်နှမဆိုတဲ့ဘက်ခြမ်းကအမြင်နဲ့ကြည့်ရင် အဖြေကရှင်းသွားပါလိမ့်မယ်... ကျွန်တော်နဲ့နှောင်း ရိုးသားလား မရိုးသားလားဆိုတာကို"
ကိုရောင်နီဦးပြောပြမှ စေ့ရဲ့အမြင်တွေကို မောင်နှမဆက်ဆံရေးဘက်က ပြန်တွေးကြည့်လိုက်တော့ ဟုတ်သားပဲ ဟုတွေးမိသွားသည်။ အခု စေ့ကိုသေချာကြည့်ပြီး စကားပြောနေတဲ့ ကိုရောင်နီရဲ့အကြည့်တွေမှာ မ,အပေါ် မြတ်နိုးခြင်းတွေရှိတယ်ဆိုပေမယ့် ဒါက အစ်မတစ်ယောက် သူငယ်ချင်းတစ်ယောက်အပေါ်မှာ ဖြူဖြူစင်စင် ဖြစ်တည်နေတဲ့ မြတ်နိုးခြင်းများသာ။ အရင်ရည်းစားဟောင်းကြောင့်ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် ယောကျာ်းလေးနဲ့ မိန်းကလေး ရင်းနှီးလွန်းတဲ့ဆက်ဆံရေးကို သေချာမစုံစမ်းမိဘဲ တစ်ဖက်သက် စွပ်စွဲခဲ့မိပါလား။ စေ့အနေနဲ့ ဘာတွေအတွေးလွန်နေခဲ့မိပါလိမ့်နော်။
"အခု စိတ်ထဲရှင်းသွားပြီလားဗျ"
"ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်ဗျာ... ကိုရောင်နီနဲ့ မ,ကို တစ်မျိုးမြင်ပြီး စွပ်စွဲမိခဲ့လို့"
💕1500+528💕
Start from the beginning
