"ဟားဟားဟား... ဟုတ်လား... အဲ့လိုကိစ္စတွေဖြစ်သွားတယ်ဆိုတာ အန်တီဖြင့်ခုမှသိတယ်"
အမေက ကိုရောင်နီ့ကိုပြောသလိုနဲ့ စေ့ရဲ့သဝန်ကြောင်မှုကို ကဲလွန်းတယ်ဆိုတဲ့သဘောဖြင့် စေ့ကိုကြည့်လာတာမို့ စေ့မှာ မျက်နှာပူစွာ လည်ဂုတ်ကိုပွတ်သပ်ရင်း နှုတ်ခမ်းတို့က ပြုံးနေခဲ့သည်။
"မနက်က ကိစ္စနဲ့ပတ်သက်ပြီး ကိုစေညွှန်ရာအနေနဲ့ တစ်ခုခုအထင်လွဲခဲ့တာမျိုးရှိရင် ကျွန်တော် ခုပဲ အားလုံးရှေ့မှာ ဖြေရှင်းပေးပါ့မယ်... ကိုစေညွှန်ရာနဲ့နှောင်းရဲ့ ဆက်ဆံရေးကို သေချာသိချင်တာမို့ ဒီအတိုင်းစမ်းသပ်လိုက်ရုံပါ... ဖက်လိုက်တယ်ဆိုပေမယ့်လည်း ကျွန်တော့်မှာရော နှောင်းမှာရော မရိုးသားတဲ့စိတ်မရှိဘူးဆိုတာ ကျွန်တော် အာမခံရဲပါတယ်... ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုစေညွှန်ရာကိုလည်း တောင်းပန်ပါတယ်"
"ရပါတယ်... ကျွန်တော်လည်း အစကတော့ အမှန်တိုင်းပြောရရင် သဝန်တိုတာပေါ့... ကျွန်တော့်ချစ်သူကို ကျွန်တော်မဟုတ်တဲ့ယောကျာ်းလေးတစ်ယောက်က ဖက်နေတာလေ... ခုလိုရှင်းပြပေးတဲ့အတွက် ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်... ဒါပေမယ့် တစ်ခုတော့ သိချင်တယ်"
"ဘာများလဲ"
"ကျွန်တော့်ကို သဝန်ကြောင်တယ်ပဲပြောပြော အကဲပိုလွန်းတယ်လို့ပြောပြော ဘယ်လိုပဲခေါင်းစဉ်တပ်တပ်ပါ အမှန်တိုင်းဝန်ခံရရင် ကျွန်တော်အနေနဲ့ ကိုရောင်နီနဲ့ မ,ကို သဝန်တိုခဲ့ဖူးတယ်... ပြဿနာတွေတက်တဲ့နေ့က ကျွန်တော်တို့ရဲ့ 1st month Anniversary လေ... အဲ့ဒါကို ကျွန်တော့်ကိုထားပြီး ကိုရောင်နီ့ဆီသွားရမလားဆိုပြီး ကျွန်တော်နဲ့စကားများကြသေးတယ်... ဖုန်းဆက်တဲ့သူက ကိုရောင်နီလေ ပြီးတော့ မ,က ဘာအကြောင်းပြချက်မှ မပေးပဲ ကိုရောင်နီ့ဆီသွားရမယ်ဆိုတာချည်းပဲပြောနေတော့ အဲ့နေ့က ကိုရောင်နီနဲ့သမုတ်လိုက်မိတယ်... ပြီးတော့ ဒီနေ့ထိ အထင်လွဲမှုလေးတွေရှိနေခဲ့တယ်လို့ ပြောလို့ရတယ် အဲ့ဒါ"
"ဟွန့်... ဆိုလိုတာက ကိုစေညွှန်ရာက ကျွန်တော်နဲ့နှောင်းကို အထင်လွဲနေတယ်ဆိုပါတော့"
💕1500+528💕
Start from the beginning
