"အင်းပါ မြိုင်ရဲ့... သားလေးလက်ခံရင် မြိုင်တို့က ကန့်ကွက်စရာမရှိပါဘူး"
"ကျွန်တော့်ဘက်ကလည်း ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ပါဘူး"
တိကျပြတ်သားတဲ့ စေ့စကားအဆုံးမှာ ဧည့်ခန်းထဲမှာ ထိုင်နေကြသည့်လူအားလုံးရဲ့မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာသွားသည်။
"ရယ်တော့ရယ်ရသားနော်... အစက နွယ်က နှောင်းကို မြိုင့်ချွေးမအဖြစ် လျာထားတာလားဆိုပြီး မေးနေသေးတာ လတ်စသက်တော့ နွယ့်ချွေးမဖြစ်မယ့်သူပဲကိုးး... မသိခဲ့ဘူး ကြည့်ပါဦး"
"ဟုတ်ပ နွယ်ရေ... ဒါနဲ့ သားကြီးက သိနေတာလား နှောင်းလေးနဲ့ မောင်စေညွှန်ရာနဲ့က ချစ်သူတွေဆိုတာကို... စောနက သားပုံစံက သိနေတဲ့ပုံစံမို့လို့"
"ကျွန်တော်လည်း မနေ့ကမှသိတာပါ"
အားလုံးအကြည့်က ရောင်နီ့ဆီရောက်လာတာမို့ ရောင်နီသက်ပြင်းချလိုက်ပြီးနောက်
"ညကမှရိပ်မိတာပါ... မနေ့ညက မိုးတော်တော်ချုပ်နေပြီကို ကိုစေညွှန်ရာ ဒီဘက်အိမ်ကိုရောက်လာတယ်လေ... ကျွန်တော်လည်း မအိပ်ချင်သေးတော့ ကော်ဖီသောက်မလို့ ထမင်းစားစားပွဲမှာ ထိုင်နေတာ... ကျွန်တော့်ကိုမြင်တော့ ကိုစေညွှန်ရာက အံ့အားသင့်သွးသလိုအမူအရာနဲ့ ရေနွေးသောက်ချင်လို့တဲ့လေ... ဟိုဘက်မှာလည်းသောက်လို့ရတာကို ဘာလို့ဒီဘက်ထိလာတာလဲပေါ့... တွေးလို့မှမဆုံးသေးဘူး နှောင်းက အခန်းထဲကနေ ကုပ်ချောင်းချောင်းနဲ့ထွက်လာတာ... ကျွန်တော့်ကိုလည်း တွေ့ရော လန့်ပြီး ကြောင်ကြည့်နေတာ... ဗိုက်ဆာလို့ဘာညာနဲ့ ရှောချသွားတာ ဟင်းး... အဲ့ကတည်းက ရိပ်မိလိုက်တာ တစ်ခုခုတော့ တစ်ခုခုပဲပေါ့... သေချာအောင် မနက်က တစ်ချက်စမ်းသပ်ကြည့်လိုက်တော့မှ လုံးဝသေချာသိသွားတာ"
"စမ်းသပ်တယ်...?"
"ဘယ်လိုလဲ"
အမေနဲ့ လင်းက သိချင်စိတ်ဖြင့် မေးလာခဲ့သည်။
"မနက်က နှောင်းကို ဆွဲဖက်လိုက်တယ်လေ... နှောင်းက ကျောပေးထားလို့မသိပေမယ့် ဧည့်ခန်းထဲမှာထိုင်ပြီး ငါတို့ကို မျက်တောင်မခတ်စတမ်းကြည့်နေတဲ့ ကိုစေညွှန်ရာက ချက်ချင်း ထိုင်ရမလို ထရမလိုတွေ ဖြစ်သွားတယ်လေ... ဟွန့် အဲ့ကတည်းက ၉၀% သေချာနေပြီလို့ထင်လိုက်တာ... နောက်မှ နှောင်းကို အေးဆေးမေးမယ်လုပ်ထားတာ ခုတော့ နှောင်းတို့ မူးမူးနဲ့ ဖွင့်ပြောကုန်ရောလေ"
💕1500+528💕
Start from the beginning
