"ဪ ဒါလေးများမြိုင်ရယ်... နွယ်က ဘာများလဲလို့ စိုးရိမ်သွားတာပဲ... ဘာလို့ဆို ဟိုမှာကိုယ့်သားက ကိုယ်တို့ သဘောမတူလည်း မိဘစကားနားထောင်ပြီး နောက်ဆုတ်မယ့် လမ်းမမြင်... ဟင်းဟင်း... မိဘတွေကြောင့် သားသမီးကိုအပြစ်ပုံချလို့မရဘူးလေမြိုင်ရယ်... လူတိုင်းမှာ ပြဿနာတွေ ချို့ယွင်းချက်တွေဆိုတာ ရှိတတ်ကြစမြဲပါ... နွယ့်အတွက်တော့ မိဘအသိုင်းအဝိုင်းတွေ၊ မိသားစုနောက်ခံတွေထက် ကိုယ့်သားသမီးတွေ ချစ်တဲ့သူကိုပဲ ကြည့်တယ်... သူတို့ချစ်တဲ့သူက ရိုးသားတယ် ကြိုးစားတယ် နောက်ပြီး နွယ့်သားနဲ့သမီးကို ချစ်ကြတယ်ဆို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် နွယ့်ဘက်က အမြဲကြိုဆိုပြီးသားပါ... နောက်ပြီး ကိုယ်တွေတောင် ကိုယ်ချစ်တဲ့သူနဲ့ ဘယ်သူတားတား ရအောင် ယူခဲ့ကြသေးတာမလား... ကိုယ့်သားသမီးတွေကိုလည်း ပိတ်ပင်တားဆီးဖို့ ဘယ်လိုစိတ်နဲ့လုပ်ရက်မှာလဲ မဟုတ်ဘူးလား"
"နွယ့်ဆီက ဒီလိုစကားမျိုးကြားရတော့ သမီးနှောင်းအတွက် စိတ်ချသွားရပါပြီ"
"မြိုင်နော် ကိုယ့်သူငယ်ချင်းတွေကို ဒီလောက်သဘောထားသေးသိမ်တဲ့သူတွေများမှတ်နေလား"
"အဲ့လိုမဟုတ်ပါဘူးနွယ်ရယ်... မြိုင်က နောက်တစ်ခါထပ်ပြီး နှောင်းလေး စိတ်ထိခိုက်မှာစိုးလို့ပါ"
"နောက်တစ်ခါဟုတ်လား အန်တီ"
နှောင်းလေး စိတ်ထိခိုက်ခဲ့တယ်ဆိုတာလည်း ကြားရော ချက်ချင်းစကားပြန်ထောက်တဲ့ မောင်စေညွှန်ရာကို မြိုင် ခေါင်းငြိမ့်ပြလိုက်ရင်း
"အင်း ဟုတ်တယ်... နှောင်းလေး ဒုတိယနှစ်နဲ့တူတယ်... ဟုတ်တယ်နော် သားကြီး"
"ဟုတ်တယ် အမေ... သူ ဒုတိယနှစ်လောက်က"
"အင်း... သမီးနှောင်း ဒုတိယနှစ်လောက်တုန်းက နွယ်ရေ... လူငယ်သဘာဝဆိုတော့ ပြောရရင် နှောင်းလေးကို သဘောကျတဲ့သူတွေအများကြီးရှိတယ်... ဒါပေမယ့် နှောင်းလေးက သူ့မိဘတွေရဲ့အိမ်ထောင်ရေးကြောင့် အချစ်ဆိုတာကို သိပ်လန့်နေတဲ့ကလေးလေ... လာကြိုက်သမျှကိုတော့ သူအမြဲငြင်းလွှတ်တယ်... သူ့ဟာနဲ့သူတောင် မအားတော့ အဲ့ဘက်ကို အချိန်မပေးဖြစ်ဘူး... တစ်ချို့ကောင်လေးတွေကတော့ အေးဆေးဆိုပေမယ့် အဲ့တုန်းက ကောင်လေးတစ်ယောက်ကျတော့ နှောင်းလေးနောက်ကို အသေရရ အရှင်ရရဖြစ်တာနွယ်ရေ... နောက်တော့ သူ့မိဘတွေကသိသွားပြီး သူ့သားကပဲ အဖိုးတန်သလိုနဲ့ လာပြောတာ ပြီးတော့ နှောင်းမိဘတွေအကြောင်းသိသွားပြီး သူ့သားလိုလူက နှောင်းက ဘာအဆင့်ရှိလို့ငြင်းရတာလဲဆိုတာတွေပါ ပြောလာတာ စုံနေရောပဲ... လူတွေအများကြီးရှေ့မှာဆိုတော့ နှောင်းလေးလည်း ရှက်သွားတာပေါ့... နှောင်းရဲ့အမေကိုလည်း အထင်သေးသလို ဆက်ဆံသွားတာလေ... နှောင်းက သူ့အမေ့ကို မျက်နှာတစ်ချက်မညှိုးအောင် ဂရုတစိုက်ရှိတဲ့ကလေးဆိုတော့ သူ့ကြောင့် သူ့အမေအပြောခံရပါတယ်ဆိုပြီး အရမ်းစိတ်ထိခိုက်သွားခဲ့တာ... ဒါကြောင့် နွယ်တို့လည်း သမီးနှောင်းအပေါ်စိတ်ရှင်းအောင် မြိုင်ကပြောပြတဲ့သဘောပါ"
💕1500+528💕
Start from the beginning
