"သမီးနှောင်းနဲ့ အန်တီတို့နဲ့က ဘာမှမတော်ဘူးဆိုတာ သားလည်းသိတယ်နော်"
"ဟုတ်ကဲ့"
"နှောင်းလေးရဲ့မိသားစုကိစ္စကို ခုလိုပြောဖို့ အန်တီ့မှာအခွင့်မရှိပေမယ့် သားတို့တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပြီး သံယောဇဉ်တွေ ပိုတိုးလာတဲ့အချိန် ဖြတ်တောက်ရခက်တဲ့အချိန်မှ ဒီအကြောင်းတွေသိပြီး လမ်းခွဲဖို့အကြောင်းဖန်လာခဲ့ရင် နှောင်းလေးပြိုလဲသွားမှာကို အန်တီ မကြည့်ရက်လို့ သားကို အကြမ်းဖျင်းလောက် အန်တီပြောပြချင်တယ်... သားလက်ခံနိုင်တယ်ဆို ရှေ့ဆက်ပါ နှောင်းကို ချစ်ပေးပါ ကြင်နာပေးပါ သားဘက်က လက်မခံနိုင်ရင်တော့ အရမ်းသံယောဇဉ်မတွယ်ခင် ဒီဆက်ဆံရေးကို အချိန်မှီရပ်ပစ်လိုက်ပါလို့် အန်တီတောင်းဆိုချင်တယ်"
"အန်တီပြောမယ့်အကြောင်းအရာက ဘယ်လိုအကြောင်းအရာမျိုးလဲဆိုတာ ကျွန်တော်မသိချင်ဘူး... သိဖို့လည်းမလိုအပ်ဘူး... ကျွန်တော့်အတွက် နှောင်းရိပ်ငယ်ဆိုတဲ့ ဖြစ်တည်မှုကသာ အရေးကြီးတာပါ အန်တီ... ကျွန်တော် မ,ကို စွန့်လွှတ်ဖို့ဆိုတာ တွေးတောင်မတွေးမိဘူး... နောင်လည်းတွေးမိမှာမဟုတ်ဘူး"
စေညွှန်ရာဆိုတဲ့ကောင်လေးရဲ့မျက်လုံးထဲမှာ နှောင်းကို ဘယ်လောက်ချစ်လဲဆိုတာ မြိုင်မြင်နေရတဲ့အတွက် ကောင်လေးရဲ့စကားသံတွေကြားပြီး နှောင်းကို စိတ်ချသွားသည်။ သို့ပေမယ့် မိဘတွေဖြစ်တဲ့ နွယ်တို့ကိုကြည့်ပြီး
"နွယ့်သားကတော့ ဆုံးဖြတ်ချက်တွေ ခိုင်မာနေပြီဆိုပေမယ့် နွယ်တို့က မိဘတွေဆိုတော့ သိထားသင့်တယ်ထင်လို့ မြိုင်ပြောပြမယ်နော်"
"အင်း"
မြိုင်သက်ပြင်းချလိုက်ပြီး
"နှောင်းလေးက တစ်ခါမှရည်းစားမထားဖူးဘူး သူ့အမေ မဆုံးခင်အထိ သူ့အမေအတွက်ဆိုပြီး အလုပ်တွေအရမ်းကြိုးစားခဲ့တာ... ဒါပေမယ့် သူ့မှာစိတ်ဒဏ်ရာတစ်ခုရှိတယ်... အဲ့ဒါဘာလဲဆိုတော့......ဟင်းးး သူ့မိဘတွေရဲ့အိမ်ထောင်ရေးပဲ"
"ဟင် ဘယ်လို"
"ဟုတ်တယ် နွယ်... နှောင်းလေးက Broken Family ကလို့ပြောလို့ရတယ်... သူ့အဖေက မိန်းမအရမ်းရှုပ်တာတဲ့လေ... နှောင်းအမေက မြိုင်တို့နဲ့လည်း ညီအစ်မတွေလို သိပ်ချစ်ကြတော့ သူကိုယ်တိုင် မြိုင့်အပေါ်ရင်ဖွင့်ခဲ့တာ... နှောင်းလေးအဖေက ဖောက်ပြန်တဲ့အပြင် ကိုယ်ထိလက်ရောက်ရိုက်နှက်တာတွေလည်း လုပ်တယ်တဲ့... နောက်ဆုံး နှောင်းတို့သားအမိက အဲ့လူရဲ့အရိပ်ကနေထွက်လာခဲ့ပြီး သားအမိနှစ်ယောက်တည်းရုန်းကန်ခဲ့ရတာ... မိဘတွေမရှိတော့ဘူးဆိုပေမယ့်နှောင်းလေးအဖေက နယ်မှာ ခုထိသက်ရှိထင်ရှားရှိနေသေးတယ်လို့ ပြောဖူးတယ်... ဒါပေမယ့် နှောင်းလေးက သူ့ကိုသေလူလို့သတ်မှတ်ထားပြီး သူ့ကိုယ်သူတစ်ကောင်ကြွက်ဆိုပြီးနေနေတာ"
💕1500+528💕
Start from the beginning
