"နှောင်းက သားရဲ့ချစ်သူဆိုတာနဲ့ပတ်သက်ပြီး သားအနေနဲ့ အမေတို့ကို တစ်ခုခုပြောစရာမရှိဘူးလား သား"

"အမေတို့က ဘာကိုသိချင်တာလဲ"

"ဟဲ့ဪ ဒီကလေးနှယ်... မင်းတို့ချစ်သူဖြစ်တာ ဘယ်လောက်ကြာပြီလဲ... ဘယ်လောက်အတိုင်းအတာထိ ရည်ရွယ်ထားလဲဆိုတာတွေပေါ့... မင်းတို့တစ်ခုခုဆို အမေက မြိုင်တို့နဲ့ မျက်နှာပျက်ရလိမ့်မယ် သားငယ်"

"ချစ်သူဖြစ်တာတော့ ၁လနဲ့ ၄ ရက်ရှိပြီ... ဘယ်လောက်အတိုင်းအတာထိ ရည်ရွယ်ထားလဲဆို ကျွန်တော့်ဘက်က တစ်ဘဝလုံးစာ ရည်ရွယ်ထားတယ်... လူကြီးတွေကို ဖွင့်မပြောဖြစ်သေးတာက မ,ရဲ့ဆန္ဒကြောင့်... အမေပြောသလိုပဲ နှစ်ဖက်မိဘနဲ့အသိုင်းဝိုင်းကသိပြီးမှ လမ်းခွဲဖြစ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့ မ,က ဘယ်သူ့ကိုမှ အသိမပေးပါနဲ့ဆိုလို့... ဒါပေမယ့် မ,ဘက်က ဘယ်လိုပဲသဘောထားထား ကျွန်တော့်ဘက်ကတော့ ပြောင်းလဲမှာမဟုတ်ဘူး... မ,ကို တစ်ဘဝလုံးစာ ရည်ရွယ်ထားတာမို့ မ,ဘက်က ခြေတစ်လှမ်းနောက်ဆုတ်ရင် ကျွန်တော်က ရှေ့ကိုနှစ်လှမ်းတိုးမယ်... ဘယ်နည်းနဲ့မှ မ,ကို အ‌ဆုံးရှုံးခံမှာ မဟုတ်ဘူး"

ဆုံးဖြတ်ချက်ခိုင်မာစွာပြောသွားတဲ့ သားတော်မောင်ကြောင့် မေးမိတဲ့နွယ်ပင် ပါးစပ်အဟောင်းသားဖြင့် အံ့ဩမဆုံး။ ဘယ်တုန်းက သူမရဲ့သားက ဒီလောက်စကားအရှည်‌ကြီးတွေ ပြောတတ်ခဲ့တာပါလိမ့်။

ဦးမြင့်စေကတော့ သူငယ်ငယ်တုန်းကလို ဆုံးဖြတ်ချက်တွေခိုင်မာနေတဲ့သားကို ကြည့်ကာ အဖေတူသားဆိုပြီး ခပ်ပြုံးပြုံးဖြစ်နေသည်။ မြတ်ကတော့ နှောင်းဆိုတာ အားကိုးရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်သလို အရမ်းလည်းတော်တဲ့သူဆိုတာ သေချာသိနေသူမို့ မောင်လေးနဲ့တော့ ကန့်ကွက်စရာမရှိပေ။

"သမီးနှောင်းအပေါ်ထားတဲ့ သားရဲ့သဘောထားကို သိရလို့ အန်တီဝမ်းသာပါတယ်... အန်တီတစ်ခုမေးချင်တာက သမီးနှောင်းက သားကို သူ့မိသားစုအကြောင်းပြောပြပြီးပြီလား"

" မ,က မိဘတွေမရှိတော့ဘူး... သူတစ်ယောက်တည်းပဲရှိတယ်လို့ ပြောပါတယ် အန်တီ"

နွယ့်သားရဲ့စကားကိုကြားပြီး စိတ်ပူပန်စွာဖြင့် မြိုင် သက်ပြင်းချလိုက်မိသည်။ ပြီးတာနဲ့ ထိုကလေးကို သေချာပြန်ကြည့်ကာ

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now