"ကောင်းကောင်း"

"ဗျာ အန်တီနွယ်"

"မင်းသူငယ်ချင်း ဘာတွေပြောသွားတာလဲ သိလား"

တအံ့တဩဖြစ်နေတဲ့ လူကြီးတွေကို ကြည့်ပြီး ကောင်းပြည့်နဲ့ရတီသွင်လည်း မထူးတော့ပြီမို့

"စေပြောသွားတာ အမှန်တွေပါ အန်တီ... စေ့ကိုနောက်မှ အသေးစိတ်မေးကြည့်လိုက်ပါ"

"ဟင်"

သားဖြစ်သူရဲ့လုပ်ရပ်ကို နွယ့်မှာ အံ့ဩသွားရရင်း ခင်ပွန်းဖြစ်သူ ကိုမြင့်စေဆီ မော့ကြည့်လိုက်တော့ ကိုမြင့်စေက ‌နွယ့်ကို စိတ်အေးအေးထားဖို့ ပါးစပ်က ထုတ်မပြောပေမယ့် ပုခုံးကို အသာပုတ်ကာ နှစ်သိမ့်ပေးနေသည်။

"တို့တွေ ဧည့်ခန်းထဲကနေပဲ ထိုင်စောင့်ရအောင်လေ နွယ်... အပြင်မှာအေးတယ်"

"အင်း"

အားလုံးဧည့်ခန်းထဲကို ဝင်လာကြပြီး အတွေးကိုယ်စီနဲ့မို့ အသံတို့ကတိတ်ဆိတ်နေလေသည်။

💕

မနိုးသွားအောင် ကုတင်ပေါ်မှာ မ,ကို ညင်ညင်သာသာလေး လှဲသိပ်လိုက်သည်။ တစ်ချက်တွန့်သွားကာ အင်းးးးခနဲသံရှည်စွာနေတာမို့ နိုးသွားမှာစိုးတဲ့စိတ်နဲ့ နဖူးပေါ်ကဆံပင်လေးတွေကို သပ်တင်ပေးရင်း ပါးစပ်ကလည်း ကျွတ်ကျွတ်ကျွတ်အသံပေးကာ ချော့သိပ်လိုက်သည်။ အသက်ရှုသံလေးတွေ ပုံမှန်ပြန်ဖြစ်သွားပြီဆိုမှ ခြေရင်းကစောင်ကို ဆွဲယူကာ မ,ကိုယ်ပေါ်လွှမ်းခြုံထားလိုက်ပြီး လည်ပင်းထိရောက်အောင် စောင်ကိုဆွဲတင်ကာ လုံအောင်ခြုံပေးလိုက်သည်။ လူကြီးတွေလည်းရှိနေတော့ အခန်းထဲကြာကြာနေလို့မကောင်းတာကြောင့် မ,ရဲ့နဖူးပြင်လေးပေါ် စေ့နှုတ်ခမ်းတို့ထိတွေ့လိုက်ကာ ခပ်ဖွဖွလေး နမ်းလိုက်သည်။

"Goodnight ပါ မ... အရမ်းချစ်တယ်" ဟုပြောပြီးနောက် အခန်းထဲကမီးကိုပိတ်ကာ ညအိပ်မီးကို အလင်းအမှောင်ညှိခဲ့ပြီးနောက် အခန်းပြင်သို့ ထွက်လာခဲ့သည်။

အခန်းတံခါးပိတ်ပြီး ဒီဘက်လှည့်လိုက်တာနဲ့ ဧည့်ခန်းထဲထိုင်နေတဲ့လူအုပ်ကြီးကို ဖြေရှင်းချက်ပေးရတော့မည်ဆိုတာကို နားလည်လိုက်တာမို့ ဧည့်ခန်းထဲက ထိုင်ခုံအလွတ်တစ်လုံးမှာ ဝင်ထိုင်လိုက်သည်။ ၅မိနစ်လောက် ဘယ်သူ့ဆီကမှ ဘာသံမှမထွက်လာပဲတိတ်ဆိတ်နေစဉ်မှာ စေ့အမေက

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora