"သားရယ် အန်တီအားနာလိုက်တာ... နှောင်းလေးက မူးရင် အဲ့လိုပဲကွဲ့... သူပြောတာတွေကို စိတ်ထဲမထားနဲ့နော်... သားကြီး လာလေ... နှောင်းကိုချီပြီး အခန်းထဲပို့ပေးလိုက်တော့"
"ဟုတ်"
စေ့အနားကို ခြေလှမ်းတိုးလာကာ စေ့ရင်ခွင်ထဲက မ,ကို ဆွဲထုတ်ဟန်ပြင်နေတဲ့ ကိုရောင်နီဦးကြောင့် စေလျင်မြန်စွာဖြင့် မ,ရဲ့ပုခုံးကို သိုင်းကာဖက်လိုက်သည်။ ထို့နောက် အားလုံးကို တစ်ချက်ကြည့်ပြီး
"ကျွန်တော်ပဲ အခန်းထဲ ပို့ပေးလိုက်ပါ့မယ်"
"ဟယ် အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီသားရယ်... နေပါစေ အန်တီ သားကြီးကို ပို့ခိုင်းလိုက်ပါ့မယ်"
"ရပါတယ် အန်တီ ကိစ္စမရှိပါဘူး"
အန်တီမြိုင့်ကို ဦးတည်ကာ ပြောလိုက်ပြီးနောက် စေ့ကို တစ်ကိုယ်လုံးပစ်မှီထားကာ ရင်ခွင်ထဲမှာ သက်တောင့်သက်သာဖြင့် အိပ်နေသော မ,ကို ငုံ့ကြည့်ပြီးနောက် နှုတ်ခမ်းပါးတို့ ပြုံးရိပ်ထင်လာကာ ရှေ့မှာရှိနေတဲ့ လူအုပ်ကို ပြန်ကြည့်ပြီး ပြောလိုက်တာက
"ကျွန်တော့်ချစ်သူကို ကျွန်တော်ကိုယ်တိုင်ပဲ အခန်းထဲလိုက်ပို့လိုက်ပါ့မယ်"
"..............."
စေ့ရဲ့ဝန်ခံသံအဆုံးမှာ အားလုံးက အံ့ဩသွား၍ပဲလား ထိတ်လန့်သွား၍ပဲလားတော့မပြောတတ် စေ့ကို့သာ အံ့ဩတကြီးပြန်ကြည့်နေလေသည်။ သို့ပေမယ့် စေ့မှာ သူတို့တွေကို ဂရုစိုက်မအား။ ဆောင်းရာသီရဲ့ညဘက်လေကအေးသလို စေဖက်ထားတဲ့ လက်မောင်းလေးက အအေးဓာတ်ကိုလည်း စေ့မှာထိတွေ့ခံစားမိနေတာကြောင့် မ,ကို လက်နှစ်ဖက်ဖြင့် အသာပွေ့ချီလိုက်ပြီး
"လေအေးတွေအရမ်းတိုက်နေလို့ ကျွန်တော် မ,ကို အရင် အခန်းထဲပို့လိုက်ဦးမယ်... သိချင်တာရှိရင် ကျွန်တော်ပြန်လာတဲ့အခါ ဖြေပေးပါ့မယ်... ခွင့်ပြုပါဦး"
ကွဲကြေလွယ်တဲ့ပစ္စည်းတစ်ခုကို မ,နေသလို အထိခိုက် မခံနိုင်တဲ့ပုံစံဖြင့် နှောင်းကိုပွေ့ချီသွားပြီး ခြေလှမ်းကြဲကြီးများနှင့် ထွက်သွားတဲ့ ကိုစေညွှန်ရာရဲ့ကျောပြင်ကို ကြည့်ရင်း ရောင်နီပြုံးလိုက်မိသည်။ ထင်သားပဲ သူတို့နှစ်ယောက်က အတွဲတွေဆိုတာ... အတည်ပြုချင်လို့ နှောင်းမူးပြီး အကုန်ဖွင့်ပြောနေကတည်းက မတားပဲ ရပ်ကြည့်နေတာ။
💕1500+528💕
Start from the beginning
