"ရပါတယ်... ဒါမျိုးတွေက ဖြစ်တတ်ပါတယ်... နှောင်းနဲ့ကျွန်တော်နဲ့က အများအမြင်မှာ သူစိမ်းတွေဆိုတော့ ဒီလိုအနေနီးတဲ့ ဆက်ဆံရေးကို ကိုစေညွှန်ရာမပြောနဲ့ တစ်ခြားသူဆိုလည်း အဲ့လိုထင်နေကြမှာပါပဲ... ပတ်ဝန်းကျင်မှာတောင် ထင်နေတဲ့သူတွေလည်း ရှိနေတုန်းပဲလေ..ဟွန့် ဒါပေမယ့် ကျွန်တော်တို့သူငယ်ချင်း ၃ယောက်က ကိုယ်စီစိတ်ဒဏ်ရာရှိကြတော့ တစ်ယောက်နဲ့တစ်ယောက်က အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက် ဖေးမနေကြတာ... ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူးဆိုပေမယ့် နှောင်းအတွက် ရည်းစားထားဖို့ဆိုတာ စိန်ခေါ်မှုအသစ်တစ်ခုလိုပဲ... သူနာကျင်ရမှာစိုးလို့ ဘယ်တော့မှ သူ မစမ်းကြည့်ချင်တဲ့အရာလေ... အဲ့လိုလူက ကိုစေညွှန်ရာ့ကို ချစ်သူအဖြစ်ရွေးချယ်လိုက်ကတည်းက ကိုစေညွှန်ရာက သူ့စိတ်ထဲ ဘယ်လောက်ထိနေရာယူထားနိုင်လဲဆိုတာ ကျွန်တော်တို့သိတယ်... ဒါကြောင့် ဆက်ဆံရေးမှာ အဖုအထစ်မရှိအောင် ခုလို ရှင်းပြပေးနေတာပါ"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

"နှောင်းက အချစ်နဲ့ပတ်သက်ပြီး အရမ်းသတိကြီးတယ် ကိုစေညွှန်ရာ... ချစ်တယ် ကြိုက်တယ်ဆိုပြီးပြောတာနဲ့ လွယ်လွယ်လက်ခံပြီး ဖြစ်ကတတ်ဆန်းရည်စားထားတာမျိုး မလုပ်ဘဲ လူတစ်ယောက်အကြောင်းကို ဖြည်းဖြည်းချင်းသိအောင်လုပ်ပြီးမှ သူ့ရင်ထဲ စိတ်ထဲကို ဖွင့်ပြတတ်တဲ့လူစားမျိုးပါ... သူ့ဘေးမှာရှိနေတဲ့လူတိုင်းကို ဂရုစိုက်ပေးနေတတ်ပြီး ကိုယ့်ကိုကိုယ်တော့ ဂရုစိုက်ဖို့မေ့နေတတ်တယ်... ဒါကြောင့် ကိုစေညွှန်ရာက နှောင်းကို အများကြီးဂရုစိုက်ပေးဖို့ သူ့ကိုအလေးထားပေးဖို့လိုအပ်လိမ့်မယ်... နှောင်းက တစ်ခုခုဆို သူတစ်ယောက်တည်း ကြိတ်ခံစားတာ လင်းတို့တောင် နှောင်းစိတ်ထဲဘာရှိမှန်းမသိဘူး... သူဘယ်လောက်စိတ်ညစ်ညစ် လင်းတို့ကိုသူပျော်အောင်လုပ်ပေးတယ်... ခုပဲကြည့်လေ ချစ်သူနဲ့စကားများထားတာတောင် သူ့မှ လင်းရဲ့ပြဿနာကို ဖြေရှင်းပေးနေတုန်းပဲ... ကိုစေညွှန်ရာက နှောင်းကို အများကြီး နားလည်ပေးရလိမ့်မယ်"

သူငယ်ချင်းဖြစ်သူအတွက် စိုးရိမ်ကြီးစွာ စေ့ကိုမှာတမ်းခြွေနေတဲ့ မ,ရဲ့သူငယ်ချင်းနှစ်ယောက်ကို စေပြုံး၍ ကြည့်နေမိသည်။ မှာတမ်း‌ခြွေနေလိုက်ကြတာများ တကယ့်ကို စိုးရိမ်တကြီးပင်။

"စိတ်ချပါ ကျွန်တော့်ဘက်က ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မ,ဘေးမှာ အမြဲရှိနေပေးမယ် မ,တစ်ယောက်တည်းကိုပဲ ချစ်သွားမယ်ဆိုတာ ကျွန်တော့်အသက်နဲ့ရင်းပြီး ကတိပေးပါတယ်"

စေ့ရဲ့ခိုင်မာတဲ့ကတိစကားအဆုံးမှာ အားလုံးကတော့ ကျေနပ်စွာဖြင့် ပြုံးပျော်နေကြသည်။ အိမ်မက်ကမ္ဘာထဲရောက်နေ‌တဲ့ အခန်းထဲက တစ်ယောက်သောသူကတော့ အပူအပင်ကင်းစွာ အိပ်စက်ခြင်းဆီသို့။

💕💕💕💕💕

အပိုင်း ၂၃ မျှော်
#haru_rin

ပြီးခဲ့တဲ့အပတ်က မတင်ဖြစ်လိုက်တာမို့ ဒီနေ့တော့
၂ပိုင်းလာမယ်နော် ချစ်တို့😘

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now