ရှုကျင်ထျန်းမှာ အနည်းငယ်ရှိုက်နေသေးသော်လည်း သူ့နှလုံးသားလေးမှာ ပြန်လည်ကောင်းမွန်လာသည်။ ရှုကျင်ထျန်းက မထီမဲ့မြင်ပြုကာ မျက်နှာကို သုတ်လိုက်ပြီး
"မင်း ခိုင်းသလို လုပ်မယ်များထင်နေလား? ငါဗိုက်ဆာတယ် အသားစားချင်တယ်!"

ကိုယ်အလေးချိန်မတက်တော့မှန်းသိသဖြင့် ရှုကျင်ထျန်းသည် အစာစားချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လွန်ခဲ့သည့် သုံးရက်ခန့်ကတည်းက စွန့်စားလိုက်ပါတော့သည်။

"ကောင်းပြီ ကိုယ်သွားရှာလိုက်မယ်။ ထျန်းထျန်းက အိမ်မှာစောင့်နေ ကိုယ်   မကြာခင်ပြန်လာခဲ့မယ်"
ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ မျက်ရည်စများစွန်းနေသော မျက်နှာကို နမ်းလိုက်ပြီး ထွက်သွားဖို့တွန့်ဆုတ်နေလေ၏။

"အင်း!"
ရှုကျင်ထျန်းက ခေါင်းညိတ်ပြပြီး ရှုဟန်ယွီ ဂူထဲက ထွက်သွားတာကိုကြည့်နေလိုက်သည်။

ရှုဟန်ယွီမရှိတော့မှာ ရှုကျင်ထျန်းသည် မကျေမနပ်ဖြင့် ပျော့ပျောင်းသောကုတင်ပေါ်တွင် မီးပုံးပျံကြီးလိုလှဲချလိုက်သည်။  သူ၏ဗိုက်ကိုမထိတွေ့ခင်အထိ အချိန်အတော်ကြာအောင် ကုတင်ပေါ်၌ လှဲနေလိုက်သည်။

စက်၀ိုင်းပုံဖရဲသီးကဲ့သို့ဖြစ်နေပြီး တကယ့်ကို ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် တူနေသည်။ တခါတရံ ရှုကျင်ထျန်းသည် ရှုဟန်ယွီပြောသလို အမှန်တကယ် ကိုယ်ဝန်ရှိနေဖို့ မျှော်လင့်မိသည်။ ဒါပေမယ့် နောက်တစက္ကန့်မှာ သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။ ရှုဟန်ယွီက ဒါကို မသိလို့ထားပါတော့...။ လောင်ဇီက ယောကျ်ားလေးလေ... ယောက်ျားတစ်ယောက်က ဘယ်လိုလုပ် ကိုယ်ဝန်ရနိုင်မှာလဲ?

သူ့ရောဂါက ဘယ်လောက်ပြင်းထန်ပြီး ဘယ်လောက်ကြာကြာ အသက်ရှင်မယ်ဆိုတာ မသိနိုင်ဘူး။ သေခါနီးအချိန်ကို စဉ်းစားရင်း ရှုကျင်ထျန်းမှာ မြွေကြီးကို မထားခဲ့ချင်သလို ခံစားလိုက်ရသည်။

မကြာခင်မှာပဲ ရှုဟန်ယွီအမြန်ပြန်ရောက်လာပြီး သေးငယ်တဲ့သားကောင်ကို ပြန်ယူလာသည်။ ထို့နောက် တိရစ္ဆာန်အရေခွံကို အခွံခွာပြီး ကောင်းစွာကိုင်တွယ်ကာ အပေါက်နားရှိ ခေါင်မိုးပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now