လို့ရှင်းရှင်းလင်းလင်းပြောလိုက်တယ်

"ဟင်..အဲ့ဒါနဲ့အခုက ဘာကွာလို့လဲ"

မုရှောင်ခယ် ကနဲနဲစိတ်ရှုပ်တဲ့ပုံစံနဲ့ပြောလိုက်တယ်..သူချူဟန့် ကို နေ့တိုင်း စိတ်ရှုပ်အောင်လုပ်မယ်လို့ တွေးထားပေမယ့် အခုလို ပြန်တွေ့ဖို့ အကြာကြီးခွဲရအုံးမယ်ဆိုတော့သူသိပ်မပျော်တော့သလိုပဲ....

ချူဟန်က သူကြော်ထားတဲ့ ခေါက်ဆွဲကြော်ပန်းကန်ကို ကိုင်ကာ မုရှောင်ခယ်အား ချပေးလိုက်ပီး သူ့ကို ကြည့်လိုက်တယ်။

သူတို့နှစ်ယောက် ပိုပီးနီးကပ်လာသည်က
မုရှောင်ခယ် က ချူဟန့်ရဲ့ မျက်တောင်လေးတွေကို ရေတွက်နိုင်လောက်တဲ့အထိဖြစ်တယ်...

ချူဟန်က ပြုံးလိုက်ပီး မုရှောင်ခယ့်မျက်လုံးတွေကို စတည့်တည့်ကြည့်ကာ..

"ဘာဖြစ်လို့လဲ...စိတ်ဆိုးနေတာလား"

မုရှောင်ခယ် သည် ရုတ်တရက် နှလုံးခုန်မြန်လာကာ အမြန်အနောက်ဆုတ်လိုက်ပြီး...

"ခင်များ ကျွန်တော့်ကိုနောက်ထပ် ထပ်လှည့်စားနေတာပဲ!"

ချူဟန် က ရယ်လိုက်ပီး မုရှောင်ခယ်ရဲ့ ခေါင်းလေးကို ပွတ်သပ်လိုက်ကာ..

"ကိုယ့်ကိုဂရုစိုက်မနေပါနဲ့. ..မင်းလွတ်မြောက်နိုင်မယ်လို့ ကိုယ်မျှော်လင့်တယ်..မင်းရဲ့စိတ်ကူးအိပ်မက်တွေက ကိုယ်တို့ပြန်တွေ့ဆုံဖိုထက် ပိုအရေးကြီးတယ်"

မုရှောင်ခယ်က သူ့ကို လွတ်လွတ်လပ်လပ် လိုက်
ကြည့်နေခဲ့တယ်...ဒါတွေအားလုံးဟာ သူ့အရင်ဘဝတုန်းက စဥ်းစားလို့တောင်မရခဲ့တဲ့အရာတွေ...သူRong Yanzeနဲ့ လက်ထပ်ပီးတဲ့နောက်ပိုင်းမှာ ဒီစကားလုံးနှစ်လုံးဟာ သူ့ဘဝ ကနေ လုံးဝပျောက်ကွယ်သွားခဲ့တာ.

ဒါပေမယ့် အခု ချူဟန်က သူ့ရဲ့ စိတ်ကူးနဲ့လွတ်လပ်မှုကပိုအရေးကြီးတယ်ဟု ပြောခဲ့သည်

မုရှောင်ခယ် ရဲ့မျက်လုံးများသည် နီရဲနေပြီး လွန်ခဲ့တဲ့ သုံးနှစ်ကချူဟန် သူ့ကို သိခဲ့တဲ့နည်းလမ်းပေါင်းစုံကို တွေးကြည့်လိုက်တော့ သူပို၍ပင်တုန်လှုပ်သွားသည်။

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now