laptopတစ်လုံးနဲ့sofaပေါ်မှာ အလုပ်ရှုပ်နေတဲ့ ချူဟန်ကိုတွေ့လိုက်တယ်...သူ ထလာတာကိုမြင်တော့ ချူဟန် ကlaptopနှိပ်နေရာကနေ သူ့ကိုကြည့်ပြီး မေးလိုက်တယ်..

"ဗိုက်ဆာနေပြီလား.."

မုရှောင်ခယ် ခေါင်းညိမ့်ပြလိုက်တယ်.. ဟုတ်တယ်လေ သူမနက်က ပျားရည်တစ် ခွက်ပဲသောက်ရသေးတာကို...

"ပေါက်စီ စားမလား...အန်တီက ပေါက်စီတွေအများကြီးလုပ်ပေးထားတယ် ရေခဲသေတ္တာထဲမှာထည့်ထားတယ်"

ချူဟန်က စောနကအလုပ်တွေကို ခနထားပြီး
ရှောင်ခယ် နဲ့အတူ မီးဖိုခန်းထဲကို လိုက်သွားတယ်..

"ကိုယ် လုပ်လိုက်မယ်"

ဘယ်လိုပဲဖြစ်ဖြစ် မုရှောင်ခယ် က ချူဟန် နဲ့တူတူရှိရင် ယဥ်ကျေး ပြမနေပါဘူး ချူဟန်ပြန်လာပြီး နှစ်တွေအများကြီး အတူတူနေလာကြတာတောင်မှပဲ ချူဟန်က သူ့ကိုအခုထိဂရုစိုက်ပေးနေတုန်းပဲ.... သူကလည်း အခုလိုပဲ

ချူဟန် ဟင်းချက်နေတော့ မုရှောင်ခယ် က ချူဟန်ရဲ့အနောက်မှာရှိတဲ့ ဘားတန်းလေးပေါ်မှာထိုင်ရင်း phoneကြည့်ကာ သူ့ webside အကောင့်တွေထဲမှာ messagesပို့ထားတာရှိမရှိကို စစ်ဆေးနေခဲ့တယ်။

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က နွေရာသီအားလပ်ရက်မှာသူဟာ ဖန်းယန် studio ကို အကူညီပေးဖို့သွားခဲ့တာဖြစ်တယ် ပြီးတော့ အရင်ကသူတင်နေတဲ့ အကြွေးတွေကို လည်း သူ့စိတ်ကြိုက်ဆပ်ပြီး အပြီးသတ်မည်ဖြစ်သည်။

သူတက္ကသိုလ်ရောက်တော့ ....သူချူဟန်ကိုကြည့်လိုက်တယ်ချူဟန်လည်းဘွဲ့ရမယ်လို့သူတွေးခဲ့တယ်...ချူဟန် ကသူဘွဲ့ရပီးပြန်လာရင် ချူဟန်ကို သူ့ကိုယ်ပိုင်အိမ်နဲ့နေစေချင်တာမှန်ပေမယ့် အခုသူက တက္ကသိုလ်ပြန်တက်ရတော့မယ်

"ကောလိပ်တက်ပီးသွားလို့ အစ်ကိုပြန်လာရင်ဘာလုပ်မယ်လို့တွေးထားလဲ.."

မုရှောင်ခယ်က မေးလိုက်တယ်

ချူဟန် ကနောက်ကိုလှည့်မကြည့်ဘဲ

"အဲ့လိုဆိုရင်တော့ ကိုယ် မင်းဆီကို ခဏခဏ လာလည်မှာ..အဲ့လိုမှမဟုတ်လည်း အားလပ်ရက်တွေမှာ ကိုယ် မင်းဆီကိုလာမှာပေါ့"

အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now