💕Party & Reveal💕

Start from the beginning
                                        

"ဟုတ် အမေ"

တီမြိုင်တို့ ကိုယ်ထိုင်တဲ့နေရာမှာ ပြန်ထိုင်ပြီး စားကြသောက်ကြနဲ့ အရင်ကထက် ပိုပြီးပျော်စရာကောင်းသလို တကယ်ကိုမေ့မရတဲ့ညလေးတစ်ည ဖြစ်မည်ထင်သည်။

💕💕💕💕💕

"သားတို့ ဂိမ်းတစ်ခုလောက်ဆော့ကြရအောင်... အင်းးး တစ်ယောက်တစ်လှည့်စီ သီချင်းတွေ ဖွင့်ပြရမယ်... ပြီးရင် ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကိုပြောပြရမယ် အဲ့လိုလေ... သီချင်းလည်းနားထောင်ရ ဂိမ်းလည်းဆော့ရသလိုပေါ့ မကောင်းဘူးလား"

မိုးသောက်ရဲ့အကြံပေးချက်ကို အားလုံးက လက်ခံတာမို့ မိုးသောက်ကနေပဲစကာ လက်ရှိခံစားချက်နဲ့ကိုက်ညီတဲ့ သီချင်းကို ဖွင့်ပြလေသည်။

🎵အိမ်ပြန်ချိန်တွေ အတူတူလျှောက်လည်... နေဝင်ချိန်ဆို အတူတူရှိမယ်... ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့... အတူရှိတဲ့ဘဝ ဘယ်လောက်ကောင်းလိုက်မလဲ🎵

မိုးသောက်ဖွင့်လိုက်တဲ့ ဦးမျိုးကျော့မြိုင်ရဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိရင်ဆိုတဲ့ သီချင်းကို နှောင်းတို့အားလုံး စည်းချက်အလိုက် လိုက်ညည်းရင်း

"ဝိုးးးးးးးး သီချင်းဖွင့်ရတဲ့‌အကြောင်းပြချက်က"

"လက်ရှိမှာ အဲ့လိုအတူတူလမ်းလျှောက်ရမယ့် ချစ်သူတစ်ယောက်လောက် လိုချင်လို့ပါ"

"ဟေးးးးးးး"

"ဟားဟားးးးး"

ရယ်သံတွေ ဩဘာပေးသံတွေ မြိုင်ဆိုင်စွာထွက်လာပြီး တီမြိုင်ကတော့ မိုးသောက်ရဲ့အဖြေကို ခေါင်းလေးယမ်းကာ ရယ်နေသည်။

"ယားးးးး အသက်ကဖြင့် မနေ့တစ်နေ့ကမှ ၁၈နှစ်ပြည့်တာကို ရည်းစားထားဖို့စဉ်းစားနေပြီပေါ့"

"ခုခေတ်မှာ ၁၈နှစ်ထိ ရည်းစားမရသေးတာ တော်တော်လေး အပြောအဆိုခံ အစအနောက်ခံနေရပြီ အစ်မနှောင်းရဲ့"

"အားရီးဂူးးး ခဏလေး... ငါရော အသက် ၁၈နှစ်တုန်းက ဘာလုပ်နေခဲ့ပါလိမ့်"

နားထင်ကို လက်ညှိုးလေးနဲ့ထောက်ကာ စဉ်းစားနေဟန်ဖြင့် ပြောနေတဲ့ နှောင်းပုခုံးကို လင်းက လှမ်းဖက်လိုက်ပြီး

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now