💕Party & Reveal💕

Start from the beginning
                                        

မြိုင် သားပုခုံးကိုပွေ့ဖက်ထားရာကနေ ပြန်ခွာကာ သားမျက်နှာကို စေ့စေ့ကြည့်ရင်း လက်ဖဝါးတွေက သားရဲ့ပါးပြင်ပေါ်ပွတ်သပ်ပေးကာ

"အမေ့သားကြီးက အမေ့ကို ခွင့်လွှတ်ပေးပြီပေါ့နော်... ဟင့် ဟင့် ... အမေ ဝမ်းသာလိုက်တာသားရယ်... အမေ့ကို သားက နာကျည်းနေတယ်ထင်ခဲ့တာ... အမေလေ"

"အမေ့အပေါ် ကျွန်တော်ဘယ်တုန်းကမှ စိတ်မဆိုးဖူးသလို နာလည်းမနာကျည်းဖူးပါဘူးဗျာ"

"ဒါပေမယ့် သားက အမေတို့အပေါ် နီးနီးကပ်ကပ်လည်းမရှိသလို အမြဲတမ်းအေးစက်နေတော့ အမေက အမေက... သားအမေ့ကို စိတ်နာနေတယ်ထင်ခဲ့တာ"

"အမေဒီလိုတွေခံစားရမယ်လို့ ကျွန်တော်တကယ်မထင်ထားခဲ့တာပါ... ဒီအတိုင်း ကျွန်တော့်ကြောင့် အမေ့အိမ်ထောင်ရေး၊ အမေ့ရဲ့မိသားစုဘဝလေးကို ထိခိုက်မှာစိုးလို့ အမေတာဝန်မပိုရအောင် ကျွန်တော်အမေနဲ့ဝေးရာမှာပဲ နေခဲ့တာ"

"အမယ်လေး သားရယ်... အမေ့သားလေး တစ်‌ယောက်တည်း ဘယ်လောက်တောင်ခံစားခဲ့ရမလဲ... ဟင့်"

"အဖေတို့ ၄ယောက်က မိသားစုပဲလေ... သားကြီးကလည်း မိသားစုဝင်တစ်ယောက်ပဲလေကွာ"

အနားကိုရောက်လာတဲ့ အဖေ့စကားကို ရောင်နီ မျက်ရည်အဝဲသားနဲ့ ပြုံးပြကာ ခေါင်းညိတ်ပြရင်း

"ကျွန်တော့်ကို မိသားစုဝင်အဖြစ်လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်... ကျွန်တော် အဖေလို့ခေါ်လို့ရတယ်မဟုတ်လား"

"ရတာပေါ့... အဖေကိုယ်တိုင်က ဟိုးအရင်ကတည်းက ကြားခွင့်ရဖို့မျှော်လင့်နေတဲ့ ခေါ်သံပဲဟာ"

လေးနိုင်က ဦးပုခုံးကို ပုတ်ကာ ဖက်လိုက်ရင်း မက်ေရည်တွေဝဲနေသည်။ မိုးသောက်ကလည်း ထိုင်ခုံမှာထိုင်ရင်း ကြည်နူးစရာပုံရိပ်လေးကို မျက်ရည်တွေကြားက ပြုံးပြီးကြည့်နေသည်။ နှောင်းတို့အားလုံးလည်း မျက်ရည်တွေဝဲပေမယ့် နှုတ်ခမ်းပါးတွေက ကြည်နူးစွာ‌ပြုံးပျော်နေကြသည်။

"လာ... သားကြီး အမေတို့နောက်မှ အေးဆေးစကားပြောကြမယ်... လောလောဆယ် ပျော်ပျော်ရွှင်ရွှင်နဲ့ အားလုံးအတူတူ ပျော်လိုက်ကြရအောင်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now