ကိုယ့်ဘက်ကိုယ်ယက်တဲ့ မိုးသောက်ရဲ့ဆုတောင်းစကားကြောင့် အားလုံးက ရယ်မိလိုက်ကြပြီး တီမြိုင်က
"ဒီထက်ပိုပြီး အလိုလိုက်ရဦးမှာတဲ့လား"
"ဟဲဟဲ အမေကကလည်း"
"ဒီကသားကြီးကရော မြိုင့်အတွက် ဂုဏ်ပြုဆုတောင်း မပေးတော့ဘူးလား"
"ဗျာ"
"နွယ်ကလည်း ဘာလို့သားကြီးအနေခက်အောင် ပြောနေရတာလဲ"
အမေ့သူငယ်ချင်း အန်တီနွယ်က ရောင်နီ့ကို သိပ်ကိုနွေးထွေးနဲ့အပြုံးနဲ့ကြည့်ကာ ပြောလာတာကြောင့် တမင် အနေခက်အောင်ပြောလိုက်တဲ့သဘောတော့ မဖြစ်နိုင်ပေ။ ဒီအတိုင်း သဘောရိုးနဲ့အမေ့ကို သားတစ်ယောက်အနေနဲ့ ဆုတောင်းပေးစေချင်တာပဲဖြစ်ရမည်။ ရောင်နီလည်း အမေ့ကို ဂုဏ်ပြုစကားပြောဖို့ပြင်ဆင်ထားပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ ပါးစပ်ကထုတ်ပြောဖို့က တော်တော့်ကိုမလွယ်ကူပေ။ ရောင်နီ့အရိပ်အခြေကိုကြည့်နေကြတဲ့ နှောင်းတို့ကလည်း ဆက်စားရမလို မစားရမလိုဝေခွဲမရဖြစ်နေကြဟန်။
မြိုင့်သားကြီး ရောင်နီက သူ့အပေါ်ခုထိ လက်မခံနိုင်သေးဘူးဆိုတာကို ဦးမြင့်နိုင်သိသည်။ အေးလေ လက်ခံဖို့အချိန်တွေလိုသေးတာပဲ ခုလို ဂုဏ်ပြုညစာကို အတူတူစားခွင့်ရတာနဲ့တင် ကျေနပ်ပါပြီ။ တိတ်ဆိတ်သွားတဲ့ လေထုကို ဦးမြင့်နိုင်ကပဲ ပြန်အသက်သွင်းကာ
"ကဲပါ သားကြီးဘက်က အဆင်သင့်မဖြစ်သေးရင်လည်း အတင်းလုပ်ယူစရာမလိုပါဘူး ဦးလေးနားလည်ပါတယ်... ကဲ လာလာ ဆက်ပြီးပျော်ကြရအောင်လေ... စောနက မုဒ်တွေဘယ်ရောက်သွားကြလဲ... လာလာ"
"မင်္ဂလာနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါတယ် အဖေနဲ့အမေ"
"ဟင်"
"ဟင်"
"ဟင်"
သားကြီးရဲ့အဖေနဲ့အမေဆိုတဲ့စကားဟာ မြိုင်တို့လင်မယားနှစ်ယောက်စလုံးကို ဆွံ့အသွားစေခဲ့သည်။ မြိုင့်မှာ မျက်ရည်တွေဝဲနေပေမယ့် နှုတ်ခမ်းတွေက ပြုံးနေခဲ့ပြီး အကင်ပန်းကန်လာချပေးရင်း မတ်တပ်ဖြစ်နေသည့် သားကြီးဘေးနားလျှောက်သွားကာ သားကြီးကို ပွေ့ဖက်ထားလိုက်မိသည်။ ဦးမြင့်နိုင်လည်း သူ့ကို အဖေလို့ခေါ်မယ်မထင်ထားတာကြောင့် ပြောလက်စစကားတွေတောင် ရပ်တန့်သွားကာ ရင်ထဲမှာ ဖော်မပြတတ်အောင် ဝမ်းသာသွားရသည်။
💕Party & Reveal💕
Start from the beginning
