"မသိဘူးလေ နင့်အသံက ပုံမှန်ထက်မြူးနေလို့"
"ဒီနေ့က တီမြိုင်တို့အတွက် အဓိပ္ပါယ်ရှိတဲ့နေ့လေးလေ... အဲ့တော့ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ဂုဏ်ပြုပေးသင့်တာပေါ့ ဟုတ်တယ် ဟုတ်"
အားလုံးက ထောက်ခံကြသလို ခေါင်းငြိမ့်ကာ ပြုံးပြကြတာမို့ နှောင်းရယ်လိုက်ပြီး ဖုန်းကိုဖွင့်ကာ YouTube ထဲ ဝင်ပြီး သီချင်းရွေးနေလိုက်သည်။
ဒူးအထက်နားလောက်ရှိသည့် ပန်းနုရောင်လက်ရှည်ဂါဝန်လေးကို Legging အမည်းရောင် ဘောင်းဘီရှည်နဲ့တွဲဝတ်ထားတာမို့ "မ"က တစ်ကိုယ်လုံး လုံခြုံနေပြီး လန်းဆန်းနေပုံရသည်။ မိတ်ကပ်တွေဘာတွေလိမ်းထားပုံမရတဲ့ မျက်နှာနုနုလေးက ဝတ်ထားတဲ့ဂါဝန်အရောင်ကြောင့် ပန်းသွေးရောင်ပြေးနေသလို။
သီချင်းတွေဖွင့်လိုက် စားလိုက်သောက်လိုက်နဲ့လုပ်နေစဉ် မောင့်အဖေက ချောင်းဟန့်ကာ
"အဟမ်း... ကဲ ဒီနေ့က အန်ကယ်တို့ရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ မြင့်နိုင်နဲ့မြိုင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် နှစ်၂၀ပြည့်ကိုဂုဏ်ပြုပါတယ်... ငါ့သူငယ်ချင်း အချစ်ငှက်လေးတွေ နောင်နှစ်ပေါင်းတစ်ရာကျော်တိုင် အိုအောင်မင်းအောင်ပေါင်းကြရပါစေလို့ ဆုတောင်းပေးပါတယ် ချီးယားးး"
"ချီးယားးးး"
ဝိုင်ခွက်တွေကို ကိုင်ကာ ခွက်ချင်းတိုက်ကြပြီး တီမြိုင်တို့ကို ဂုဏ်ပြုပေးကြသည်။ စူးရှ ခါးသက်တဲ့အရသာက လည်ချောင်းထဲထိ စီးဝင်သွားပြီး ရင်ထဲနွေးသွားသည်။
"သိပ်မသောက်နဲ့နော် နှောင်း"
"အင်ဟင်းး ဝိုင်ကတော့ ငါသောက်နိုင်ပါတယ်"
နှောင်းဘေးမှာရှိနေတဲ့လင်းက နှောင်းကို သတိပေးလိုက်တာကို မမမြတ်တို့က ကြားသွားပြီး
"နှောင်းက မသောက်နိုင်ဘူးလား"
"ဝိုင်တော့ရတယ် မမမြတ်... နှောင်းက ဘီယာမရတာ"
"ဪ"
"ကဲပါ အဖေနဲ့အမေနဲ့ကို သားလည်းဆုတောင်းပေးဦးမယ်... သားရဲ့မိဘတွေဖြစ်ပေးလို့ အဖေတို့ရဲ့သားအဖြစ်မွေးဖွားခွင့်ရတဲ့အတွက်လည်း အဖေနဲ့အမေ့ကို ကျေးဇူးတင်ပါတယ်... သားကိုလည်း ဒီထက်ပိုပြီး အလိုလိုက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်"
💕Party & Reveal💕
Start from the beginning
