"အာ... ဟုတ်သားပဲ အိမ်ထဲမှာ ရေခဲပုံးထဲထည့်စိမ်ထားတယ်... ခဏလေး ကျွန်တော်သွားယူပေးမယ်"
"ရတယ် ရတယ်... ကင်စရာရှိတာကင်နေပါ... ကျွန်တော်တို့ဘာသာပဲ သွားယူလိုက်မယ်"
ကောင်းပြည့်နဲ့စေ နှစ်ယောက်သား အိမ်ထဲက ရေခဲပုံးကို သယ်လာကြပြီး မြက်ခင်းပြင်ပေါ်က လွတ်တဲ့နေရာမှာ ချထားလိုက်သည်။
"နှောင်း နင့်လက်က အညော်ခံလို့ရပါ့မလား"
လင်း အပြောကို နှောင်း မျက်လုံးအပြူးသားနဲ့ကြောင်ကြည့်နေပြီးညချက်ချင်း ဆရာဝန်ဖြစ်တဲ့ ကိုအောင်ဆက်နိုင်ဆီကြည့်လိုက်သည်။
ဆက်ဆီအကြည့်ရောက်လာတာကြောင့် ဆက်လည်း ချောင်းဟန့်ကာ
"အညော်မိလို့မရသေးဘူးဆိုပေမယ့် အဲ့လိုဆိုပြီး မလုပ်ပဲမနေဘူးမလား... ဒီတစ်ရက်ကတော့ ဘယ်လိုမှရှောင်လို့ရမှာမဟုတ်ဘူး... နောက်နေ့တော့ ဆေးသေချာလိမ်း သောက်မှရမယ်... လိုအပ်ရင် ဆေးပါထိုးသင့်ထိုးရမယ်ထင်တယ်"
ဆရာဝန်ရဲ့စကားကိုနားထောင်ပြီးနောက် နှောင်းမှာ တံတွေးမျိုချလိုက်မိပြီး
"ရတယ်... ဒီနေ့ကို စောင့်ခဲ့ရတာတော်တော်ကြာနေပြီ... ဘယ်နည်းနဲ့မှ အပျက်မခံနိုင်ဘူး... မနက်ဖြန်မှကြည့်ရှင်းမယ် ဟဲဟဲ"
စားပွဲပေါ်မှာ ပန်းကန်တွေ ဖန်ခွက်တွေနေရာချနေရင်း မိုးသောက်က
"အစ်မနှောင်း သီချင်းလေးဘာလေးဖွင့်ပါဦး... ဒီအတိုင်းကြီးက ပျင်းဖို့ကောင်းတယ်"
"အိုခေ... ဘယ်လိုသီချင်းမျိုးဖွင့်စေချင်လဲ"
"သမီးတို့အရင်ဖွင့်နေကြ ကိုရီးယားသီချင်းတွေ ထိုင်းသီချင်းတွေတော့ မဖွင့်နဲ့ပေါ့ လေးနိုင်တို့နားမလည်ဘူးဟ"
"ဟဲဟဲ အာ့ဆို မြန်မာသီချင်းကိုမှ အချစ်သီချင်းလေးတွေဖွင့်ပေးမယ်... ကဲ နှောင်းက ဒီနေ့ဖျော်ဖြေရေးပိုင်းကို တာဝန်ယူမှာဖြစ်ပါတယ် လက်ခုပ်သံလေးနဲ့ကြိုဆိုပေးပါဦး"
"ဟဲ့ သောက်ထားပြီးပြီလား"
"နိုးပါ ဘာလို့လဲ"
💕Party & Reveal💕
Start from the beginning
