💕Party & Reveal💕

Start from the beginning
                                        

အမေတို့ လူကြီး၄‌ယောက်က စားပွဲရဲ့ ၅ယောက်ဘက်ခြမ်းမှာ ထိုင်လိုက်ပြီး အစ်မတို့မိသားစု ၃ယောက်က ၂ယောက်ဘက်ခြမ်းမှာ ထိုင်လိုက်ပြီး ရွိုင်ရယ်ကိုတော့ ၅ယောက်ဘက်ခြမ်းမှာထိုင်နေသည့် အဘိုးဖြစ်သူနားထိုင်ခိုင်းထားသည်။

စေတို့သူငယ်ချင်း သုံးယောက်လည်း ဘယ်နားထိုင်ရင်ကောင်းမလဲဆိုပြီး‌တွေဝေနေရာက နောက်ဆုံး အမေတို့နဲ့မျက်နှာချင်းဆိုင်က ၅ယောက်ဘက်ခြမ်းမှာပဲ ထိုင်နေလိုက်သည်။ ထိုအချိန်မှာပဲ "မ"နဲ့ "မ"သူငယ်ချင်း လင်း‌ဆိုသူက အိမ်ထဲကနေ ဗန်းလေးတွေကိုင်ပြီးထွက်လာသည်။ ပြီးတော့ မီးမွှေးနေတဲ့ ကိုရောင်နီဦးနား သွားကာ

"ဟဲ့ အရွက်တွေရော အသားတွေရော အကုန်ဆေးပြီးပြီ... ဘာဆက်လုပ်ရမှာလဲ"

"အေး စားပွဲပေါ်တင်ထားလိုက် ငါလာခဲ့မယ်... နင်တို့သွားထိုင်နေတော့... မိုးသောက်"

"ဗျာ"

"ဒီမှာ ယပ်ခတ်ထားပေးဦး"

"ဟုတ် ကိုကြီး"

မိုးသောက်ကို မီးမွှေးထားဖို့ တာဝန်ပေးလိုက်ပြီး ရောင်နီကတော့ နှောင်းတို့နဲ့အတူ စားပွဲရှိရာနေရာကို လျှောက်လာပြီး ပင်လယ်စာချဉ်စပ်ဟင်းရည်ချက်ဖို့ ပြင်ဆင်နေလေသည်။ အသားစိမ်းတွေကို ဟိုတယ်ကနေ ကြိုမှာထားပြီး တစ်ခြားလိုအပ်တာတွေကို နေ့လည်က မြို့ထဲက Mart တစ်ခုမှာ သွားဝယ်ထားကာ ဟင်းရည်ကျက်သွားမယ့်အချိန်နဲ့ အကင်တွေရမယ့်အချိန်နဲ့ ကွတ်တိဖြစ်အောင် တမင် အခုမှချက်ဖို့ ပြင်ထားခြင်းဖြစ်သည်။ အားလုံးက ဟင်းရည်တစ်မျိုးမျိုးနဲ့အကင်ကိုသာ စားချင်ကြသူများဖြစ်ကြပြီး ဆရာမကြီးနှောင်းရဲ့ အဆိုတင်သွင်းချက်ဖြစ်တဲ့ ပင်လယ်စာချဉ်စပ်ဟင်းရည်နှင့် အကင်ကို ကန့်ကွက်မယ့်သူမရှိတာကြောင့် ဒီညတော့ ပင်လယ်စာချဉ်စပ်ဟင်းရည်နှင့် အကင် လုပ်စားကြမှာဖြစ်သည်။

ဟိုတယ်ကနေတော့ ခေါက်ဆွဲကြော် နှစ်ပွဲနဲ့ ကြက်ခြောက်စပ်နှစ်ပွဲမှာထားပြီး ရောင်နီချက်ပြုတ်နေစဉ်အတွင်းမှာ အဆာပြေစားရန်ဖြစ်သည်။

"ဟာ ဒါနဲ့ နေ့လည်က ကျွန်တော်တို့ဝယ်လာတဲ့ ဒီဟာတွေရော"

ကိုကောင်းပြည့်က လက်ဟန်ခြေဟန်နဲ့ ဘီယာသောက်တဲ့ပုံလုပ်ပြပြီး ဘီယာဘယ်မှာလဲမေး‌တော့မှ ရောင်နီတို့မှာ နေ့လည်က ဝယ်လာခဲ့တဲ့ ဘီယာတွေ ဝိုင်တွေကို သတိရသွားသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now