စကားပြောနေရင်း ငြိမ်သွားပြန်တဲ့ စေ့ကို ကောင်းပြည့် ပုခုံးဖက်လိုက်ကာ
"မင်းရဲ့"မ"နဲ့ရော စကားသေချာပြောပြီးကြပြီလား"
"ဘယ်ကသာ... "မ"က ငါတို့အကြောင်းကို ဘယ်သူ့ကိုမှအသိမပေးရသေးတာမို့ ငါ့မှာ စကားပြောဖို့အရေး အရိပ်အခြေကြည့်နေရတယ်... မနက်ကလည်း "မ"သူငယ်ချင်းနှစ်ယောက် စကားများတာနဲ့ စာပို့ပြီးပြောဖို့ကျပြန်တော့လည်း အခုချက်ပြုတ်ဖို့ "မ"တို့က ပြင်ဆင်နေတာနဲ့ "မ"က မအားသေးတော့ စကားကို အေးဆေးမပြောရသေးဘူး"
"အင်းးး ငါ့အမြင်ကတော့ မင်းနဲ့မင်းရဲ့"မ"ကြားမှာ သေချာလေးစကားပြောကြည့်ပြီး ဖြေရှင်းဖို့လိုနေပြီလို့ထင်တယ်"
"အေး ဒီရက်ပိုင်းအခြေအနေကြည့်ပြီး လှုပ်ရှားရမှာပဲ"
"ကဲ ငါပြီးပြီ အောက်ဆင်းကြရအောင်"
အခန်းထဲက မှန်တင်ခုံမှာထိုင်ကာ Eyeliner ဆိုးနေတဲ့ ရတီက စေတို့ကိုလှမ်းပြောလိုက်တာမို့ စေနဲ့ကောင်းပြည့်လည်း ခေါင်းညိမ့်ပြကာ သုံးယောက်သား အောက်ထပ် မြက်ခင်းပြင်ရှိရာကို ဆင်းလာကြသည်။
သစ်သားစားပွဲရှည်ကြီးနဲ့ ခုံတန်းကလည်း ကျောင်းစာသင်ခန်းထဲကလို ခုံတန်းရှည်ဖြစ်ကာ စုစုပေါင်းလူက ၁၄ယောက်မို့ ၁၀ယောက်ကမျက်နှာချင်းဆိုင်ထိုင်ကာ ၄ယောက်က မျက်နှာချင်းဆိုင်ထိုင်ဖို့ နေရာကို စီစဉ်ထားကြသည်။ အားလုံးက ကိုယ်စီအလုပ်တာဝန်တွေ ခွဲဝေယူထားကြပုံပေါ်တာမို့ စေတို့မိသားစုကတော့ ဘာလုပ်ရမှန်းမသိပဲ ကြောင်တောင်တောင်တော့ နိုင်လှသည်။
"နွယ်တို့တွေ အေးဆေးထိုင်ကြနော်... ဟိုမှာ သားကြီးတို့တွေ အကုန်လုပ်လိမ့်မယ် ထိုင်နေ ထိုင်နေ"
"ဟယ် အဲ့လိုတော့ ဘယ်ဟုတ်မလဲ မြိုင်ရဲ့ ကူရမှာပေါ့"
"နေပါ... သူတို့လုပ်တာ အကုန်ပြီးနေပြီ... မီးမွှေးပြီး ချက်ပြုတ်ဖို့ပဲကျန်တော့တာ"
"ဒီမှာပဲ ချက်ကြမှာလား"
"ဟုတ်တယ်... လာလာ သားငယ် ဒီနားချ"
မီမွှေးဖို့ မီးသွေးမီးဖိုကို မိုးသောက်က မ,လာတာမို့ အန်တီမြိုင်ကာ နေရာညွှန်ပြကာ ချခိုင်းထားလိုက်သည်။ ထို့အပြင် အကင်ကင်ဖို့ ပစ္စည်းအစုံအလင်လည်းရှိလေသည်။
💕Party & Reveal💕
Começar do início
