"ဘာပဲဖြစ်ဖြစ် သူပြောတာတွေက မှားမှမမှားတာ။ ကိုကို သူ့ကိုစိတ်မပြတ်နိုင်သေးတာလည်းမှန်တယ်။ ပြီးတော့ ကိုကိုသိပါတယ်။ နှိုင်းအမြုတေရဲ့အဖေက ကျွန်တော့်ကိုဘာတွေလုပ်ထားလဲဆိုတာ.. သူ့ကြောင့် ကျွန်တော့်အသိုင်းအဝိုင်းထဲမှာ သူများအပိုင်ကိုမတော်မတရားဖြတ်လုထားတဲ့ကောင်ဆိုပြီး သမုတ်ခံရလို့ မျက်နှာတောင်မပြရဲတော့ဘူး။ ကျွန်တော့်မိဘတွေကလည်း ကျွန်တော့်ကိုပစ်ပယ်ထားပြီ.. ဒါတွေအကုန် နှိုင်းအမြုတေကြောင့်.. သူ့ကြောင့်ပဲ ကျွန်တော်အရှက်ရရတာ။ အဲ့ဒါကို ကျွန်တော်ကဒီလောက်ထိခံစားနေရပြီး သူ့ကိုတော့ ကောင်းစားခွင့်ပေးထားရမှာလား။ ဝေးသေး.."

ခေတ္တတိတ်ဆိတ်သွားသောလေထုမှာ ငြိမ်းသံလွင်ခက်နှင့် သွန်းစေဖြိုးတို့ဟာ မတူညီသောအဓိပ္ပါယ်များဖြင့် တစ်ယောက်ကိုတစ်ယောက်ငေးနေလျက်သား..။

ကားနောက်ခန်းမှာ ကြိုးတုပ်ခံထားရသူနှိုင်းအမြုတေကတော့ သတိကောင်းစွာပြန်ရလာချိန်မှာ ကားရှေ့ခန်းမှာထိုင်ကာ စကားများနေကြသောလူနှစ်ယောက်၏စကားကို နားမထောင်ချင်လည်း ကြားနေရသည်။

ထိုအခါမှသာ သူသည် ပြန်ပေးဆွဲခံလာရခြင်းဖြစ်ကြောင်း ပြန်အမှတ်ရသွားသည်။ ဖြစ်စဥ်တစ်လျှောက်လုံးမှာ သူ၏အသိစိတ်ကား ပေါ်လိုက်ပျောက်လိုက်သာ။ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရခြင်းကြောင့် ခေါင်းတစ်ခြမ်းဟာ ကိုက်ခဲလျက် ကိုယ့်ကိုယ်ကိုယ်လည်းမပိုင်သလို ခံစားခဲ့ရသည်။

ထိုအဖြစ်အပျက်များမတိုင်မီက သူသည် ခန်းမထဲမှာ သူ့အဖေနှင့်အတူ တခြားလူများအား အလ္လာပသလ္လာပပြောဆိုနေခဲ့သည်။ အရာအားလုံးဟာ ထူးဆန်းသောဖုန်းကောတစ်ခုဝင်မလာခင်အထိ ပုံမှန်ဖြစ်နေခဲ့ပါသည်။

ဖုန်းလက်ခံဖြေဆိုမိရုံဖြင့် ဤမျှအထိ ကိစ္စတွေကြီးကျယ်သွားလိမ့်မည်မှန်း နှိုင်းအမြုတေထင်မထားခဲ့ပေ။

သူသည် ချူသံကို သေရမှာထက်ပိုကြောက်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူဟာ ချူသံကိုကြောက်နေဖို့ ပုံသွင်းခံခဲ့ရသည်။ ဤသည်မှာ သူ့ရင်ထဲအမြစ်တွယ်ထားသလိုစွဲနေခဲ့သည့် သွေးအေးရက်စက်သောထိုလူကြောင့်ပင်။ ထိုလူဟာ သူ့ငယ်ဘဝ၏အိပ်မက်ဆိုးဖြစ်ခဲ့သည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Waar verhalen tot leven komen. Ontdek het nu