Chapter-18

6.2K 653 23
                                    

Unicode Version

တစ်နာရီစာအစည်းအဝေးဆိုသော်ငြား အဖွဲ့သားများက ကွန်ပလိန်းတက်နေကြသဖြင့် ထိုသူတို့ကျေနပ်အောင် ဖြေရှင်းနေရသေးသည်ဖြစ်ရာ ခြောက်နာရီထိုးမှသာ အစည်းအဝေးကိုသိမ်းနိုင်ခဲ့၏။ စွမ်းစေတမာန်လည်း အလုပ်ပြီးပြီးချင်းမှာပင် သူ့အားစောင့်နေရှာမည်ဖြစ်သော နှိုင်းအမြုတေထံသို့ ဖုန်းခေါ်လိုက်သည်။

"ကိုယ်တောင်းပန်ပါတယ်။ အစည်းအဝေးကမကြာသင့်ဘဲကြာသွားတာနဲ့..."

".."

"ကျောင်းရှေ့မှာလား။ ဟုတ်ပြီလေ.. ကိုယ် အဲ့ဒီကိုပဲတန်းလာခဲ့မယ်"

".."

"ကိုယ် ကားယူခဲ့ရမလား။ ဒါမှမဟုတ်.."

".."

"ဒါဆိုလဲ ဟုတ်ပြီလေ။ သိပ်ဝေးတာမှမဟုတ်တာ။ လမ်းလျှောက်ထွက်ကြတာပေါ့"

ဖုန်းချပြီးသည်နှင့် စွမ်းစေတမာန်ဟာ ဖုန်းနှင့်ပိုက်ဆံအိတ်ကိုသာကိုင်ထားပြီး သူ့လွယ်အိတ်ကိုတော့ ရုံးခန်းတံခါးကိုပိတ်နေသော ဝဠာဟိန်းပိုင်အား တစ်ချက်မျှငဲ့ကြည့်၍ လှမ်းပေးလိုက်သည်။

ဝဠာဟိန်းပိုင်ကလည်း ကြောင်စီစီဖြင့် သူ့အားပြန်ကြည့်လာပြီးမေးသည်။

"ဘာလဲ အဲ့ဒါ"

"လွယ်အိတ်လေ"

စွမ်းစေတမာန်လှမ်းပေးသော လွယ်အိတ်ကို ဘုမသိဘမသိဖြင့်ကိုင်ထားရင်း ဝဠာဟိန်းပိုင်တစ်ယောက် စိတ်မရှည်တော့ပေ။

"လွယ်အိတ်ကတော့ မင်းပြောမှလား။ ဘာလုပ်ရမှာလဲလို့"

"မင်း အဆောင်ကိုပြန်မှာမလား။ ငါ့လွယ်အိတ်လေးယူသွားပေးစမ်းပါ"

ထိုစကားကြောင့် ဝဠာဟိန်းပိုင်၏မျက်နှာထက်မှာ ကူကယ်ရာမဲ့မှုများဖြတ်ပြေးသွားပြီး ထိုအမူအရာတို့ကိုဘာသာပြန်ကြည့်ပါက "ဘယ်သူမှငါ့ကိုမကယ်နိုင်ကြတော့ဘူးလား"ဟု မေးခွန်းထုတ်နေသည့်အလားပင်။

"တောက်တိုမည်ရတွေ အကုန်လိုက်ခိုင်းနေတော့မှာလား..။ နည်းနည်းများနေပြီလို့မထင်ဘူးလား"

ဝဠာဟိန်းပိုင်တစ်ယောက် ဟန်ဆောင်ပန်ဆောင်ဒေါသထွက်နေမှန်း စွမ်းစေတမာန်သိသည်။ ထို့ကြောင့် သူ့ဘက်ကလည်း ဝဠာဟိန်းပိုင်ခင်းချင်နေသောဇာတ်လမ်းကို ဝင်ရောက်ပူးပေါင်းပေးလိုက်သည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Donde viven las historias. Descúbrelo ahora