Part - 37 ( Zg + Uni)

Start from the beginning
                                    

ပြောစရာ စကားလုံးပင် ကောင်းကောင်း မဆုံးလိုက်
သား နှုတ်ခမ်းကို စုပ်ယူလိုက်တော့ ဒေါသတွေက
အတောင့်လိုက်ထွက်သွားရသည်။

" ဘုန်း.... ဘုန်း... ဘုန်း "

နှုတ်ခမ်းကို သည်းကြီးမည်းကြီး စုပ်ယူနေတော့
သား လက်တွေက သူ့ ကျောပြင်ကို အသားကုန်
ထုရိုက်နေမိသည်။ ဒါကို ပန်းနဲ့ ပေါက်သလား
သတ်​မှတ်​​နေ​တော့ သား နှုတ်ခမ်းကို အဆက်မပြတ်
စုပ်ယူနေသော သူ့ နှုတ်ခမ်းကို သွားနဲ့
ကိုက်ချပစ်လိုက်သည်။

" အ့...!!! "

" မှတ်ပြီလား အဲ့ဒါ သားကို နမ်းချင်အုံး...!! "

ပေါက်သွားတဲ့ နှုတ်ခမ်းက သွေးစတွေကို လက်မနဲ့
ဆွဲသုတ်လိုက်တဲ့ သူ့ကို သား ကြည့်ပြီး
ပြောလိုက်တော့ သူ့က သားကို မျက်ထောက်နီကြီးနဲ့
စိုက်ကြည့်လာခဲ့သည်။

" မင်း ငါ့ကို ကိုက်တယ်ပေါ့ မေသွေးခြယ် "

" ကိုက်တယ်... ကိုက်တော့ ခင်ဗျား က
ဘာလုပ်ချင်လဲ... ?? "

" ဘာမှ မလုပ်ချင်ဘူး ပိုးစိုးပက်စက်ပဲ နမ်းပစ်
ချင်တာ "

သူ့ စကားကြောင့် သား မျက်လုံးပြူးသွားတုန်း
သား ကိုယ်လေးကို ပွေ့ချီလိုက်သော သူကြောင့်
ရင်အစုံက ထိတ်သွားရသည်။

" လွှတ်...!!!  ဦးလင်းခြံရံ သားကို အခုလွှတ်.. .!! "
" ဘုန်း.... ဘုန်း... ဘုန်း.. .!!! "

" လူယုတ်မာကောင် သားကို အခုလွှတ်...!!
နှာဘူးကောင်... မုxိန်းကောင် အခုလွှတ်... !! "
" ဘုန်း.... ဘုန်း... ဘုန်း.. .!!! "

အဆက်မပြတ်ရိုက်ထုပြီး မေသွေးခြယ် ပြောနေတာ
တွေက ခြံရံ အတွက် ပန်းနဲ့ ပေါက်တဲ့ အလား။

ခြံရံ ကတော့ တစ်ချက်ကလေးမှ ရပ်တန့်မသွားဘဲ
ကားထဲထိ မေသွေးခြယ် ကို ခေါ်လာခဲ့သည်။

***********************

" လွှတ်...!!!  နှာဘူးကောင် သားကို အခုလွှတ်..!!! 
မုxိန်းကောင် လွှတ်လို့...!!  "

" ဘုန်း...!!!  "

မေသွေးခြယ် စကားအဆုံး အိမ်ရောက်တာနဲ့
မေသွေးခြယ် ကိုယ်လေးကို ကုတင်ပေါ်
ခြံရံ ပစ်ချလိုက်သည်။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now