💕A Little Secret💕

Start from the beginning
                                        

"တစ်ခုခုတော့ ထူးဆန်းနေပြီ"

💕💕💕💕💕

28 December
လေးနိုင်နဲ့တီမြိုင်တို့ အိမ်ထောင်သက် ၂၀နှစ်ပြည့်တဲ့နေ့ (D Day)

နှောင်း အိပ်ယာနိုးတာနဲ့ ဖုန်းကိုလက်လှမ်းယူကာ နာရီကြည့်လိုက်တော့ ၇နာရီ ထိုးနေပြီဖြစ်သည်။ အိပ်ယာပေါ်မှာ ငုတ်တုတ်ထိုင်ကာ ၅မိနစ်လောက် ထိုင်လျက်ငိုက်ပြီးတာနဲ့ အီလေးဆွဲကာ အခန်းပြင်ကိုထွက်လာလိုက်သည်။ အပြင်မှာတော့ လူစုံတက်စုံဖြစ်ကာ အားလုံးကသပ်ရပ်နေပြီး နှောင်းကတော့ ကြောင်ချီးရုပ်လေးဖြစ်နေမယ်ဆိုတာ သေချာပေါက်ပင်။ အားလုံးကို ဟီးခနဲ တစ်ချက်ရယ်ပြပြီး မျက်နှာသစ် သွားတိုက်ဖို့ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။ နှောင်း တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး အပြင်ပြန်ထွက်လာတော့ ဦးနဲ့တီမြိုင်က မနက်စာပြင်ဆင်ပေးပြီး စားဖို့အဆင်သင့်တောင်ဖြစ်နေလေပြီ။ နှောင်းလည်း လင်းဘေးမှာလွတ်နေတဲ့ ထိုင်ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်တော့

"အစ်မကတော့နော်... မနက်စာစားရမယ့်အချိန်ဆို ကွတ်တိကိုနိုးလာတာ... နှိုးစရာတောင်မလိုဘူး"

"နင့်အပူလား"

နှောင်းဘေးတစ်ခုံကျော်မှာ ထိုင်ကာ လှမ်းစနေတဲ့ မိုးသောက်ကို ကိုင်ထားတဲ့စတီးဇွန်းရှည်နဲ့ရွယ်ကာ ပြောလိုက်သည်။ လင်းနဲ့မိုးသောက်ကြားမှာ ထိုင်ခုံနှစ်လုံးသာလွတ်နေတာမို့ နှောင်းက လင်းနဲ့ဘေးချင်းကပ်ထိုင်ခုံမှာထိုင်နေတာဖြစ်သည်။ ဖြစ်ချင်တော့ မောင်က နှောင်းရှေ့တည့်တည့်မှာထိုင်နေတာမို့ နှောင်းလည်း ခေါင်းလေးညိမ့်ပြရင်း ပြုံးပြလိုက်သည်။ ထိုချိန်မှာပဲ ဦးက ပန်းကန်တွေကို လိုက်ချပေးရင်း နောက်ဆုံးနှစ်ပန်းကန်ကိုယူလာကာ နှောင်းဘေးက လွတ်တဲ့ခုံမှာထိုင်လိုက်သည်။

ဒီနေ့မနက်စာက သီးစုံထမင်းကြော်နဲ့ ငါးရံ့ခြောက်ဖုတ်၊ ကြက်သားကြော်၊ ငရုတ်သီးကြော်အပြင် အချိုတည်းဖို့ ဆီထမင်းပါ ပါလေသည်။ ထောပတ်နံ့လေး‌သင်းနေတဲ့ ထမင်းကြော်ကြောင့် နှောင်းလည်း ဗိုက်တွေဆာကာ အားရပါးရစားမိသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now